စည်ပင်ကရိန်း ယာဉ် အား ဝင်တိုက် မိရာမှ အရှိန် မထိန်း နိုင်ဘဲ ယာဉ်သုံးစီး တိုက်မှု ဖြစ်ပွား

ပို့စ်တင်ချိန် - 2/09/2014 10:42:00 AM




ရန်ကုန် ဖေဖော်ဝါရီ ၇

ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း အင်းယားကန်ပေါင်ရှေ့ ဓာတ်ဆီဆိုင် အနီး၌ ဖေဖော်ဝါရီ ၅ရက် ည ၁၁ နာရီခွဲက ရန်ကုန်မြို့တော် စည်ပင်ကရိန်းယာဉ် ဒေါက် တိုင်အား ဝင်တိုက်မိရာမှ အရှိန်မထိန်း နိုင်ဘဲ ယာဉ်သုံးစီး တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကမ္ဘာအေးဘုရားလမ်း အတိုင်း ချော်တွင်းကုန်းမှ ကုက္ကိုင်းသို့ ယာဉ်မောင်း စိုးဝေဟန်(ဘ) ဦးသိန်းထွန်း အသက်၂၄ နှစ် မရမ်းကုန်းမြို့ (၅)ရပ်ကွက်နေသူ မောင်းနှင်လာသော ၃ခ/……. မစ်ဆူဘီရှီ လင်ဆာ ဆလွန်း အဖြူရောင် ယာဉ်သည် နယူးဒေး ဆီဆိုင် အလွန်အရောက်တွင် ရန်ကုန်မြို့တော် စည်ပင်မှ လမ်းတံ တားများ ပြုလုပ်သည့် လမ်းကာတုံး လေးတုံးနှင့် ဆိုင်းဘုတ် တင်နေသည့် ၉ခ/….. ကရိန်းယာဉ် ၏ ဒေါက်တိုင်အား တိုက်မိပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်း ဆိုင်မှ ယာဉ်မောင်း ဦးအောင်ကြည် (ဘ) ဦးမောင်ကြည် အသက် ၄ဝနှင့် လှိုင်သာယာမြို့နယ် (၉) ရပ်ကွက်နေသူ မောင်းနှင်လာသည့် CC/…….Fielder Station Wagon ငွေမင်ရောင်ယာဉ်အား တိုက်မိခဲ့ပြီး ထပ်မံ၍ ယာဉ်မောင်း ဦးကျော် ဇင်ဦး (ဘ) ဦးထွန်းစိန် အသက် ၂၄နှစ် မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက် နေသူ မောင်းနှင် လာသည့် BB/…….ဘယ်လ်တာ ဆလွန်းအဖြူရောင် (အငှား)ယာဉ်အား တိုက်မိ ခဲ့ကာ ကမ္ဘာအေး ဘုရားလမ်းမပေါ်၌ လာလမ်းအတိုင်း ပြောင်းပြန် လှည့်၍ ချော်တွင်းကုန်း ဘက်သို့ ဦးခေါင်း လှည့်ကာ ရပ်တန့် သွားကြောင်း သိရသည်။

ထိုယာဉ်တိုက်မှုကြောင့် မြို့တော်စည်ပင် ကရိန်းယာဉ်အား ဝင်တိုက်ခဲ့သည့်ယာဉ်မှာ ဘီးများ ကျွတ်ထွက်ပြီး ကျန်အစိတ်အပိုင်းများ ပျက်စီးခဲ့သည်။ ၎င်းမှ တိုက်လိုက် သော ယာဉ်များနှင့် လမ်းကာတုံးများ ပျက်စီးခဲ့ သည်။ ထိုဖြစ်ပွားရာ နေရာသို့ မရမ်းကုန်းမြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စု ၁၅မှ ရဲအုပ်ဝင်းဌေးနှင့် တာဝန်ရှိသူများ ရောက်ရှိ၍ စစ်ဆေးခဲ့ပြီး ယာဉ်မောင်း စိုးဝေဟန်အား မရမ်းကုန်း မြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း စိုးဝေဟန်သည် အောက်နှုတ်ခမ်းဖူးရောင်၊ ယာမျက်ခုံး အောက်ပွန်း၊ ပေါင်ရင်းနာကျင် ဒဏ်ရာများ ရရှိပြီး ယာဉ်မောင်း ကျော်ဇင်ဦး တွင် မေးရိုးအောက် ဖူးရောင် နာကျင် ဒဏ်ရာ၊ ခေါင်းမူး ဒဏ်ရာများ ရရှိ၍ ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပလူနာ အဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

မောင်မျိုး
Myawady News