ပညာရေးစနစ်က ပြောမယ်ဆိုရင် တစ်ခုလေး မှားခဲ့တာပေါ့လေ။

ပို့စ်တင်ချိန် - 2/24/2014 12:20:00 PM


[ Voice of the Day ]

ပညာရေးစနစ်က ပြောမယ်ဆိုရင် တစ်ခုလေး မှားခဲ့တာပေါ့လေ။ မှားခဲ့တာက ဘာလဲဆိုလို့ ရှိရင် “မအောင်မရှိ ငါ့တပည့်” ဆိုတဲ့ စနစ်ကြီးပေါ့။ အခြေခံပညာမှာ နှစ်တော်တော်များများ အဲဒီစနစ်ကြီးနဲ့ သွားခဲ့တယ်။ မအောင်မရှိဆိုတဲ့ အခါကျတော့ အခြေခံပညာ ကျောင်းက ကလေးများဟာ အောင်မှာပဲဆိုတာ သေချာနေတယ်။ အဲဒီတော့ အောင်မှာပဲဆိုတော့ ကျောင်းက ကလေးတွေက အောင်မှာ သေချာတဲ့ နောက်တော့ ငါဘာဖြစ်လို့ စာကျက်တော့မလဲ၊ ဖြတ်လမ်းနည်းနဲ့ အောင်ဖို့ ဆိုတာကလည်း မေးခွန်းရဖို့က အဓိကပဲလေ။ ဒီစာမေးပွဲမှာ ပါမယ့် မေးခွန်းတွေကလည်း အတန်းပိုင် ဆရာမက ကျူရှင်မှာ ပေးတာကိုး။ အဲဒီတော့ အဲဒီကျူရှင်ကိုပဲ ဝိုင်းတက် ပြီးတော့ တစ်ပွဲတိုး စနစ်တွေနဲ့ အတန်းတွေ တက်တက်လာကြတယ်။ အဲဒီလိုစနစ်နဲ့ တက်လာတဲ့ ကလေးများသည် တက္ကသိုလ် ရောက်လာတော့လည်း အဲဒီအကျင့်ကြီးက ပါလာတယ်။ တက္ကသိုလ်မှာလည်း ပုံမှန်လောက်ပဲ ကြိုးစားကြပြီး ဘွဲ့တွေ ရကုန်တယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် Flower News ဂျာနယ်ပါ
“ပညာရေး ဒုတိယဝန်ကြီး (အငြိမ်းစား) ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံခြင်း” မှ ကောက်နုတ်ချက်

[ ဤကဏ္ဍတွင် ကောက်နုတ် ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]

The Voice Weekly