ခရီးသည်တင်ဟိုင်းလပ်ယာဉ်များအား မတ်လ ၁ ရက်မှစကာ စည်ပင်သာယာနယ်နမိတ်အတွင်းသို့ ပြေးဆွဲခွင့်ပြုတော့မည်မဟုတ်

ပို့စ်တင်ချိန် - 2/15/2014 05:43:00 PM


ရန်ကုန်၊ ဖေဇော်ဝါရီ ၁၅

ခရီးသည်တင် ဟိုင်းလပ်ယာဉ်များအား မတ်လ ၁ ၇က်မှစကာ စည်ပင်သာယာနယ်နမိတ်အတွင်းသို့ ပြေးဆွဲခွင့်ပြုတော့မည်အဟုတ်ကြောင်း မထသ (ဗဟို) မှ သိရသည်။

ပဲခူးတိုင်းဒေသကြီးသို့ ပြေးဆွဲသော ဟိုင်းလပ်ယာဉ်များအနေဖြင့် ထောက်ကြံ့ - ပဲခူး တိုးလ်ဂိတ်ရှိသော မြို့ရှောင်လမ်း၌ (၅၁) ယာဉ်ကြီးကားဂိတ်အထိ
ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ၊ တိုက်ကြီး - မှော်ဘီ ပြေးဆွဲသော ဟိုင်းလပ်ယာဉ်များမှာ လှော်ကားလမ်းခွဲအထိ ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မထသ (ဗဟို) မှ ဥက္ကဌ ဦးလှအောင်က "ခရီးသည်တင် ဟိုင်းလတ်ာယဉ်တွေကို ပြင်ဆင်ချိန်ရအောင် တစ်လပြီးတစ်လ အချိန်ဆိုင်းငံ့ပေးခဲ့တာ၊ အခုဖေဖော်ဝါရီ ၂၈ ရက်နေ့
ထပ်ဆိုင်းငံ့မယ်လို့ အစိုးရအဖွဲ့က ခွင့်ပြုမိန့်ရခဲ့တယ်။ အဲဒီရက်နောက်ပိုင်းက စည်ပင်သာယာနယ်နမိတ်အတွင်းကို ပေးမဝင်တော့ဘူး " ဟု ပြောသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ခရီးသည်တင် ဟိုင်းလပ်ယာဉ်များအား စည်ပင်သာယာနယ်နမိတ်အတွင်းသို့ ပြေးဆွဲခွင့်
မပြုတော့ကြောင်း၊ ၎င်းးနှင့်ပတ်သက်၍ ဟိုင်းလပ်ယယာဉ်များ ပြင်ဆင်ချိန်ရရှိရန်အတွက် ဇန်နဝါရီ ၁၅ ရက်အထိ ထပ်တိုးပြေးဆွဲခွင့်ပြုရန် တင်ပြခဲ့ကြောင်း၊ ထို့နောက်
ဇန်နဝါရီ ၁၅ ရက်တွင်လည်း ထပ်တိုးပြေးဆွဲခွင့် ပေးရန် တင်ပြခဲ့မှုကြောင့် ဖေဖော်ဝါရီ ၂၈ ရက်အထိသာ ပြေးဆွဲခွင့်ပြုတော့ မည်ဖြစ်ကြောင်း မထသ (ဗဟို)မှ သိရသည်။

မြို့တော် အင်္ဂါရပ်နှင့်ညီညွှတ်မှုမရှိခြင်း နှင့် ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုဖြစ်ပါက သေဆုံးဒဏ်ရာရရှိမှုများခြင်းကြောင့်လည်း ယခုကဲ့သို့ပြေးဆွဲခွင့် မပြုတော့ခြင်းဖြစ်သည်။

Popular Myanmar News Journal