မမျှော်လင့်တဲ့ ချစ်သူ့လက်ဆောင်ကြောင့် ဝမ်းသာခဲ့ရသူ နန်းသူဇာ

ပို့စ်တင်ချိန် - 2/22/2014 09:50:00 AM




(ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇)

ချစ်သူများနေ့မှာ လုံးဝကို မမျှော် လင့်ဘဲ သူပေးတဲ့ လက်ဆောင်ကြောင့် အံ့သြပြီး ဝမ်းသာခဲ့ ရကြောင်း နန်းသူဇာ က ပြောသည်။

”ဘာတစ်ခုမှ ကြိုတင်မပြောဘဲ ရုတ်တရက် သူပေးလာတာ ဆိုတော့ ကြောင်တောင်တောင် တောင် ဖြစ် တယ်” ဟု နန်းသူဇာက ပြောသည်။

ချစ်သူများနေ့ မှာ နန်းသူဇာက သူမ၏ ချစ်သူအဆိုတော် ကိုကျော်ထွဋ်ဆွေ ကသူ၏ တေးစီးရီး ‘ရပ်ကွက်ထဲက အရူး’ မူပိုင်ခွင့်ကို ချစ်သူများနေ့ လက်ဆောင် အဖြစ် ပေး ခဲ့ကြောင်း သိရသည်။

’ဒီအခွေ၏ မူပိုင်ခွင့်က သူ့ရဲ့ကိုယ်ပိုင် ပစ္စည်း၊ ပြီးတော့ သူယူထားတဲ့ သူ့ရဲ့ ဇနီးမယားလည်း မဟုတ်သေးဘူး။ သမီး ရည်းစားပဲ ရှိသေးတယ်။ ဒီလိုလုပ် စရာလား ဆိုပြီး သူ့ကိုတောင် ပြန်ပြော မိတယ်” ဟု နန်းသူဇာက ဆိုသည်။

ချစ်သူသက်တမ်း တစ်လျှောက်မှာ တစ်ဦးအပေါ် တစ်ဦး နားလည်ကြ ချစ်ကြပြီး၂ဝ၁၄ ချစ်သူများနေ့သည် သူမ၏ လုံးဝ မမေ့နိုင် သည့် နေ့တစ် နေ့ဖြစ်ကြောင်း ကိုလည်း နန်းသူဇာ က ပြောသည်။

နန်းသူဇာက သူ့ချစ်သူ ကျော်ထွဋ် ဆွေ ကို ဆင်တူ လက်စွပ်၊ လက်ကောက် ၊ ဆွဲကြိုးနှင့် သူ အကြိုက်ဆုံးရေမွှေး ကို ပြန်ပေးခဲ့ကြောင်း ၄င်းထံမှ သိရသည်။

”နန်းသူဇာတို့ ရွှေလက်တွဲဖို့ မင်္ဂ လာရက်တော့ ကြာပါဦးမယ်။ နှစ်ယောက် စလုံး ကြိုးစားရဦးမယ်” ဟု နန်းသူဇာက ပြောသည်။

နန်းသူဇာနှင့် နန်းမြတ်ဖြိုးသင်း တို့၏ သူငယ်ချင်း အတွဲခွေ MTV ထွက် ရှိဖို့အတွက် ရိုက်ကူးရေးကို အစွမ်းကုန် တိုင်ပင် လုပ်ဆောင်ကြကြောင်း ၄င်းထံ မှ သိရသည်။

ထူးထူး

Popular Journal