ယူနီဖောင်းဝတ်သူက ခေါင်းပေါင်းနဲ့ တိုက်ပုံဝတ်လာရင် တိုင်းပြည်ပျက်တာပဲ

ပို့စ်တင်ချိန် - 2/20/2014 04:13:00 PM


မှတ်မှတ်ရရဆိုရလျှင် ၁၉၇၂ ခုနှစ် လောက်က ကျွန်တော်တပ်ထဲတွင်ရှိနေ သောကာလ၊ ရှေ့တန်းတပ်ရင်းရုံးတွင်တာ ၀န်ထမ်းဆောင်ရပါသည်။ ကျွန်တော့် တပ်ရင်းမှူးမှာ ဗိုလ်မှူးစိန်ဝင်းဖြစ်သည်။ တစ်နေ့တွင်တပ်ရင်းမှူးသည်ဗိုလ်ကြီးတစ် ဦးနှင့် အခြေအတင်စကားပြောရာမှဒေါသ တကြီးဖြင့် ““ဟေ့ကောင်ချစ်သွင်။ ငါက စစ်သားကွ၊ စစ်သားဆိုတာစစ်သားအလုပ်  ပဲလုပ်တယ်။ မင်းလည်းစစ်သားပဲ။ မင်းတို့ လမ်းစဉ်ပါတီမ၀င်လို့ငါပြုတ်သွားလဲဂရု မစိုက်ဘူး။ မဆိုင်တာလာမပြောနဲ့””ဟုဒေါ သတကြီးပြောနေသဖြင့် ကျွန်တော်တို့ လူငယ်တစ်စုတစ်ယောက်မျက်နှာတစ် ယောက်ကြည့်၍မသိချင်ယောင်ပြုလျက် ခေါင်းငုံ့နေကြပါသည်။ ထွက်သွားပြန် လျှင်လည်းလုပ်လက်စ အလုပ်တွေကိုယ်စီ မို့အခက်တွေ့နေသည်။ ခဏအကြာတွင် ဗိုလ်ကြီးချစ်သွင်ထိုင်ရာမှထရပ်၍ တပ်ရင်း မှူးအားအလေးပြုကာရုံးခန်းထဲမှထွက်သွား ပါတော့သည်။
ဗိုလ်ကြီးချစ်သွင်သည် ကျွန်တော် တို့တပ်၏တပ်ရေးဗိုလ်ကြီးဖြစ်သည်။ မြန် မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတည်ထောင်စ ဖြစ်၍တပ်တွင်းစည်းရုံးရေးမှူးဖြစ်၏။ တပ်ရင်းမှူးသည်၎င်း၏စားပွဲမှထလာကာ ကျွန်တော်တို့အနီးမှဒုအရာခံဗိုလ်ဆရာကြီး ကျော်တင့်အား ““ကိုယ်ထက်ငယ်တဲ့ကောင် ကိုယ့်ကိုလာပြီးစည်းရုံးတယ်။ ခင်ဗျား စဉ်းစားကြည့်စမ်း။ စစ်သားကိုနိုင်ငံရေး လုပ်ခိုင်းရင်ဒီလမ်းစဉ်ပါတီပျက်မှာပဲ။ နိုင်ငံရေးလုပ်ချင်ရင်တပ်ကထွက်ကြဗျာ။ ဗိုလ်ချုပ်အောင်ဆန်းတောင်တပ်ကထွက် ပြီးမှလွတ်လပ်ရေးအတွက်လိုအပ်လို့ နိုင်ငံရေးလုပ်တာ။ ကျုပ်က၀ါသနာမ ပါဘူး။ ကျုပ်တွေ့ခဲ့ရတဲ့နိုင်ငံရေးသမား တိုင်းဂျပိုးကိုလိပ်ဖြစ်အောင်ပြောတဲ့ကောင် တွေ၊ အရှိကိုအရှိအတိုင်းပြောတတ်တဲ့ ကျုပ်တို့စစ်သားတွေနဲ့လုံးဝမဖြစ်ဘူး။ ခင်ဗျားတို့လည်းသတိထား ယူနီဖောင်း ၀တ်တဲ့ကောင်ကခေါင်းပေါင်းနဲ့တိုက်ပုံ ၀တ်လာရင်အဲဒါတိုင်းပြည်ပျက်တာပဲ” ဟု ဆိုပါသည်။
ကျွန်တော်တို့တပ်ရင်းမှာ ခ.လ.ရ  (ခြေလျင်တပ်ရင်း) ၆၁ ဖြစ်ပါသည်။ မုဒုံ မြို့နယ် ကျောက်တလုံး (နှိုင်းပြိုင်ရွာ) ရှေ့ တွင်တည်ရှိသည်။ အသစ်ဖွဲ့သောတပ်ရင်း ဖြစ်၍အရှေ့တောင်တိုင်းစစ်ဋ္ဌာနချုပ်လက် အောက်ခံတပ်ရင်းများမှ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများဖြင့်စုပေါင်းဖွဲ့စည်း ၍ပထမဆုံးတပ်ရင်းမှူးမှာ ဗိုလ်မှူးစိန်ဝင်း ဖြစ်ပါသည်။ ကျွန်တော်တို့တပ်ရင်း၏ရှေ့ တန်းရုံးကား (မွန်ပြည်နယ်) ရေးမြို့ဓမ္မ စေတီကုန်းအရပ်ခေါ် မိုးလေ၀သကုန်း ဖြစ်သည်။ ထိုအချိန်က ပြည်တွင်းငြိမ်းချမ်း ရေးကင်းမဲ့သောကာလဖြစ်၍မွန်၊ ကရင်၊ ပြည်ပြေး သောင်းကျန်းသူ ၃ပါတီနှင့် လက်ရည်စမ်းနေရသောအချိန်ဖြစ်၏။ (ယခုအခါ မွန်၊ ကရင်ခေါင်းဆောင်အချို့ လွှတ်တော်ထဲရောက်နေပြီဖြစ်သည်) ပြည်ပြေးအဖွဲ့မှာ ဦးနု (၀န်ကြီးချုပ်ဟောင်း) ဦးလောရုံ၊ ကျိုက်မရောဦးသွင်ခေါင်း ဆောင်သောအဖွဲ့ဖြစ်၍ရေးမြို့နှင့် မိုင် ၉၀ ခန့်ဝေးသောထားဝယ်ခရိုင်တွင် ကွန်မြူနစ်များ (မြန်မာပြည်ကွန်မြူနစ်ပါ တီ) ရှိသည်။ စစ်ရေးအရအရေးကြီးသော ကာလ၊ စစ်ဆင်ရေးကိစ္စနှင့် အလုပ်ရှုပ်နေ သောတပ်ရင်းမှူးအား နောက်တန်းမှ ရိက္ခာလာပို့သောအဖွဲ့နှင့် ပါလာသည့် တပ်ရေးဗိုလ်ကြီးကလမ်းစဉ်ပါတီဝင်ရန် ပြော၍တပ်ရင်းမှူးနှင့် ပြဿနာတက်ခြင်း ဖြစ်သည်။
တပ်ရင်းမှူးကဆရာကြီးကျော်တင့် နှင့် စကားပြောရင်းကျွန်တော်တို့လူငယ် များဘက်သို့လှည့်၍ “မင်းတို့သိထားဖို့က စစ်သားဆိုတာ အရပ်သားနဲ့ရောထွေး ယှက်တင်နေရင်စည်းကမ်းပျက်မှာပဲ။ စစ်တပ်ဆိုတာစဖွဲ့ကတည်းကစည်းနဲ့ကမ်း နဲ့စိတ်ဓါတ်အပြည့်ဖွဲ့ထားတာ၊ လူထုလေး စားအောင်နေရတယ်။ တို့စစ်သားရဲ့သစ္စာ ဓိဋ္ဌာန်လေးချက်မှာ ငါတို့သည်နိုင်ငံတော် နှင့် နိုင်ငံသားတို့၏သစ္စာကိုစောင့်သိရို ပါမည်၊ ဆိုတဲ့ပထမဆုံးအချက်ဟုတ်ပြီ လား၊ နိုင်ငံတော်နဲ့နိုင်ငံသားတွေအတွက် တို့တတွေရဲ့အသက်ကိုစွန့်လွှတ်ပြီးကာကွယ် နေတာ။ ဒါဟာ သမိုင်းပေးတာဝန်ပဲ။ အမျိုးသားရေးတာဝန်ပဲ။ စစ်တပ်ထဲမှာ ပါတီထောင်လို့ကတော့ပျက်မှာပဲ” ဟုဆို ပါသည်။
တပ်မှူးပြောသကဲ့သို့ပင်လမ်းစဉ်ပါတီ  (မဆလ) ထောင်ပြီး ၁၄ နှစ်၊ ၁၅ နှစ် ခန့်တွင် (မဆလ) ပါတီပြိုကွဲကာ ရှစ်လေး လုံးအရေးတော်ပုံနှင့်အတူဒီမိုကရေစီစနစ် တောင်းဆိုမှုများပေါ်ပေါက်ခဲ့သည်။ ဖျောက်ဖျက်၍မရသောသမိုင်းကြောင်း အမှန်ဖြစ်သည်။ ထိုကာလ ၁၉၈၈ မှ ၂၀၁၀ ခုနှစ်အထိ စစ်အုပ်ချုပ်ရေး (တ နည်း စစ်အာဏာရှင်အုပ်ချုပ်ရေး) ဖြစ် လာခဲ့သည်။ စစ်အုပ်ချုပ်ရေးကာလတွင် ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုစစ်ခေါင်းဆောင်ပိုင်းမှအကွက်ချ စီစဉ်ကာ ဒီမိုကရေစီစနစ်သို့ကူးပြောင်းခဲ့ သည်။ စစ်ခေါင်းဆောင်များသန္ဓေတည်မွေး ဖွားပေးလိုက်သောပြည်ထောင်စုကြံ့ခိုင်ရေး ပါတီတွင် စစ်ခေါင်းဆောင်များယူနီဖောင်း ချွတ်၍အသွင်ပြောင်းခဲ့ကြသည်။ ဤသည် လည်းသမိုင်းကြောင်းအမှန်ဖြစ်သည်။ စစ်တပ်မှထွက်၍နိုင်ငံရေးဘက်ကူးပြောင်း ခဲ့သည်ကိုအပြစ်မပြောလိုသော်လည်း၊ ပြည်သူလူထု၏အမြင်ကြည်လင်မှုရှိရန် ကားအထူးလိုအပ်ပေလိမ့်မည်၊ ဒီမိုကရေစီ အရပွင့်လင်းမြင်သာမှုနေရာဋ္ဌာနတိုင်းတွင် ရှိသင့်သည်။ စစ်ခေါင်းဆောင်ဟောင်းများ အနေဖြင့်မိမိတို့အားတပ်မတော်မှအမြဲ ထောက်ခံနေလိမ့်မည်ဟုယုံကြည်နေပုံရ သည်။ တပ်မတော်ဟူသည်ကားနိုင်ငံတိုင်း တွင်မရှိမဖြစ်သောအဖွဲ့အစည်းများဖြစ် သည်၊ စင်စစ်တပ်မတော်သားအားလုံး သည်၊ ပြည်သူလူထု၏ရင်မှပေါက်ဖွား လာသောပြည်သူ့ရင်သွေးများဖြစ်သည်။ တပ်မတော်၏အစဉ်အလာအရဆင့်ကဲ အမိန့်ကိုနာခံရသည်၊ အရပ်သားဖြစ်သော စစ်ခေါင်းဆောင်ဟောင်းတို့၏အမိန့်ကို နာခံရန်မလိုအပ်၊ အထူးသဖြင့်နိုင်ငံတော် နှင့် နိုင်ငံသားတို့၏သစ္စာကိုသာစောင့်သိ လိုက်နာပေလိမ့်မည်။
ကျွန်တော်တပ်ထဲရောက်ချိန်တွင် ကျွန်တော့်အမေလိုက်လာခဲ့ပါသည်။ အမေသည်သားဖြစ်သူကိုတွေ့ချင်ဇောဖြင့် သဘက်ကလေးခေါင်းပေါ်တင်၍မျက်ရည် စမ်းစမ်းနှင့်တွေ့ရသည်၊ အမေပြန်ကာနီး တွင် ကျွန်တော်ကန်တော့သည့်အခါအမေ က“ကျန်းမာချမ်းသာပါစေ။ ခလုတ်မထိ၊ ဆူးမငြိဘဲဘေးရန်အန္တရာယ်များကင်းပါ စေ၊ အသက်ရှည်ပါစေ” လို့ဆုပေးပါသည်။ ကျွန်တော့်လိုပဲ အခြားတပ်မတော်သား တွေရဲ့မိခင်တွေဟာလည်းဒီလိုပဲဆုပေး ကြလိမ့်မည်။ တပ်မတော်သည်မိဘပြည်သူ များစိတ်ချမ်းသာဖို့သူတို့ရဲ့အသက်စည်း စိမ်အိုးအိမ်ကာကွယ်ဖို့သာအဓိကပါ၊ စစ် အုပ်ချုပ်ရေးကာလမှာအကျင့်ပျက်ခေါင်း ဆောင်အချို့ကြောင့်စိတ်ဓါတ်ပျက်ပြား မှုများဖြစ်ခဲ့သည်။ ရင်နာစရာပင်ဖြစ်သည်။ သည်ကနေ့စစ်ခေါင်းဆောင်ဟောင်းတွေ မိမိကိုယ်ကိုမိမိမလိမ်ညာတမ်းပြန်လည် ဝေဖန်သုံးသပ်ကြည့်သင့်သည်။ ငါ့နိုင်ငံတော် ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဟုတ် ရဲ့လား ဟုတ်ပါသည်ဆိုလျှင်ဖြင့်ဝမ်းသာ ပါ၏။
အထက်တွင်ကျွနတော်ရေးသားဖော် ပြခဲ့သော ကျွန်တော့်တပ်မှူးသည် ၁၉၇၃ ခုနှစ်လောက်တွင်အခြားတပ်ရင်းသို့ဒုတပ် ရင်းမှူးအဖြစ်အဆင့်လျော့ပြောင်းရွှေ့ခံ ရပြီးနောက်မကြာမီတပ်မှူးသည်တပ်မှ အနားယူသွားကြောင်းသိရပါသည်။ ကျွန်တော်တို့တပ်ရင်းတွင်ကျွန်တော်သိရ သရွေ့တပ်ရင်းမှူးဗိုလ်မှူးစိန်ဝင်း၊ အရာ ခံဗိုလ်ဆရာကြီးထွန်းလှ၊ ဒုအရာခံဗိုလ် ဆရာကြီးကျော်တင့်တို့သည် ဂျပန်တော် လှန်ရေးကာလတွင်ပါဝင်ခဲ့သောစစ်သည် တော်ဟောင်းများဖြစ်သည်။ ဆရာကြီး ထွန်းလှနှင့်ဆရာကြီးကျော်တင့်တို့အား မော်ကွန်းဝင်ဘွဲ့နှင့် ဗိုလ်ကြီးအဆင့်အထိ တိုးမြှင့်ပေးခဲ့ပြီးပင်စင်ပေးလိုက်ကြောင်း သိရပါသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် တွင် ကျွန်တော်တို့တပ်မတော်သားများ သည်တင်းပြည့်ပါတီများဖြစ်ခဲ့ကြပါသည်။ တပ်တွင်းသဘောတရားရေးရာသင်တန်း များ၊တိုင်းသဘောတရားရေးရာသင်တန်း များ၊ ဗဟိုနိုင်ငံရေးသိပ်္ပံအထိသင်တန်းများ တက်ရောက်ခဲ့ကြရသည်။ တင်းပြည့်ပါတီ ၀င်ဖြစ်ခဲ့သော်လည်းတစ်ခါမျှပါတီဝင် ဖောင်ပေါ်တွင်လက်မှတ်ထိုး၍ပါတီဝင်ခဲ့ ခြင်းမရှိပါ။ အထိုက်အလျှောက်တင်း၊ပြည့် ဖြစ်သွားသည်မှာအံ့သြစရာပင်ဖြစ်သည်။  ၁၉၈၂ ခုနှစ်တွင်တပ်မှထွက်လာသည့်အခါ မိမိနေထိုင်ရာမြို့နယ်မှလမ်းစဉ်ပါတီဥက္ကဋ္ဌ ကခေါ်တွေ့၍ရပ်ကွက်စည်းရုံးရေးမှူး တာဝန်ယူရန်ပြောပါသည်။ ကျွန်တော်က တပ်မှထွက်စမို့ခေတ်္တအနားယူပါရစေဟု အကြောင်းပြပြီးနေခဲ့သည်။ ထိုစဉ်ကတစ်  ပါတီအာဏာရှင်ခေတ်တွင်ဖိုးလုပ်ချင် များအတော်များပါသည်။ ပါတီမိတ်ဆွေ၊ အရန်ပါတီဝင်၊ တင်းပြည့်ပါတီဝင်ဟုသုံး မျိုးခွဲထားသည်။ တင်းပြည့်တွေကရပ်ကွက် တွင်ရင်ကော့၍လမ်းလျှောက်ရင်းလမ်းစဉ် ပါတီမှထုတ်သောအပြာစာအုပ် (အပြာ ရောင်စာအုပ်များ) လက်မှမချဘဲ ၎င်းင်းတို့ တက်ရောက်ခဲ့သောသဘောတရားရေး၊ နိုင်ငံရေးသင်တန်းအကြောင်းများကိုစီကာ ပတ်ကုံးပြောကာဂုဏ်ယူနေကြသည်။ ရပ်ကွက်ကောင်စီ၊ မြို့နယ်ကောင်စီ၊ မြို့ နယ်တရားသူကြီးအဖွဲ့၊ လုပ်ငန်းစစ်ဆေး ရေးအဖွဲ့၊ မြို့နယ်သမ၀ါယမအမှုဆောင် လူကြီးများအဖြစ်ပါတီကေဒါများကိုခန့်အပ် ပေးထားပါသည်။ ကျွန်တော်တစ်ခုမျှဝင် မလုပ်ခဲ့ပါ၊ တပ်ကထွက်လာသော ၆ နှစ် ၇ နှစ်အတွင်းအရပ်သားများနှင့်ဆက်ဆံ ရေးအံဝင်ဂွင်ကျမဖြစ်ပါ။ ၎င်းတို့နှင့်အသား ကျရန်အတော်ကြိုးစားခဲ့ရ၏၊ မဟုတ်မ မှန်တာ၊ အထက်ဖါး၊ အောက်ဖိလုပ်သည် များခံတွင်းမတွေ့ပါ၊ တပ်မှဆရာသမား အချို့ဝန်ကြီးဋ္ဌာနများတွင်နေရာကောင်း ရသဖြင့် ကျွန်တော့်ကိုခေါ်ပါသည်။ ကျွန်တော်မလုပ်ခဲ့ပါ။ သမ်္မာအာဇီဝဥယျာဉ် ခြံလုပ်ငန်းကိုလုပ်ကိုင်၍မိမိဝါသနာပါသော စာဖတ်ခြင်း၊ စာရေးခြင်းဖြင့်သာအချိန် ကုန်စေခဲ့ပါသည်။ ရဲဘော် ရဲဘက်အချို့ ကကျွန်တော့်ကိုအမျိုးမျိုးဝေဖန်ကြပါသည်။ အမှန်အားဖြင့်ပြိုင်ဖက်ကင်းသောတစ်ပါတီ အာဏာရှင်စနစ်ကိုမျက်မုန်းကျိုးသော ကြောင့်ဖြစ်သည်။ ယူနီဖောင်းဝတ်များ အရပ်ဝတ်ဖြင့် လူတွင်ကျယ်လုပ်နေသည် ကိုလည်းကြည့်မရ။ လူထုကိုလည်းအား နာစရာဟုမြင်သည်။ ကျွန်တော်သည် ကျွန်တော့်တပ်မှူးကဲ့သို့စစ်သား၊ စစ်စိတ် ဓာတ်မဖျောက်သောကြောင့်လည်းဖြစ်နိုင် သည်။ စစ်သားဆိုသည်မှာအရပ်သားကိစ်္စ ၀င်မစွက်သင့်ဟုလည်းထင်မြင်မိသည်။ လူထုဆန္ဒကိုလေးစားသင့်သည်။ လုပ်လို့ ရတိုင်းလုပ်မည်ဟူသောစိတ်ဖြင့် အကြောင်း အမျိုးမျိုးပြကာဆင်ခြေဆင်လက်များပြု ၍မိမိ၏အတ္တကိုတည်ဆောက်အကောင် အထည်မဖော်သင့်ဟုခံယူပါသည်။
ယနေ့ဒီမိုကရေစီစနစ်ကျင့်သုံးသော ကာလတွင် အုပ်ချုပ်ရေးအာဏာသည် ပြည်သူကိုဗဟိုပြု၍ပေါ်ပေါက်လာရပေ မည်။ အမှန်စင်စစ်ပြည်သူလူထု၏အကျိုး စီးပွားအတွက်အကောင်အထည်ဖော်သော အစိုးရမျိုးကိုနှစ်သက်သည်။ ယနေ့နိုင်ငံ ရေးပါတီများအရှည်သဖြင့်ရပ်တည်နိုင်ရန် ပါတီစုံဒီမိုကရေစီစနစ်ကြီးဆက်လက်၍ ရှင်သန်နေမှသာရပ်တည်နိုင်ပေလိမ့်မည်။ ပြည်သူလူထုရွေးချယ်သောပြည်သူ့ကိုယ် စားလှယ်များ၊ လွှတ်တော်အရပ်ရပ်၌ ပြည်သူ့ဘ၀၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ များကိုဘယ်လောက်အထိ ထိထိရောက် ရောက်စွမ်းဆောင်မှုပြုလုပ်နိုင်သည်ဟူသော စံနှုန်းဖြင့်သာ ပြည်သူ့ကိုယ်စားလှယ်တို့ ၏နောက်ခံပါတီများ၏ရှင်သန်ရပ်တည်မှု ကိုဆုံးဖြတ်ပေးကြပေလိမ့်မည်။ ကျွန်တော့် တပ်မှူးဟောင်းပြောခဲ့သော နိုင်ငံရေးသမား ဆိုတာ ဂျပိုးကိုလိပ်ဖြစ်အောင်ပြော၍လူထု ကိုစည်းရုံးမှုပြုလျှင်တော့ပြည်သူ၏ဒဏ် ခတ်မှုကိုမလွဲမသွေခံရပေလိမ့်မည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီနိုင်ငံတော်အတွက်စံချိန်စံညွှန်း ပြည့်စုံမှုမရှိ ညီညွတ်မှုမရှိလျှင် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအဖွဲ့ အစည်းများ၊ ပါတီများ၊ ဥပဒေပညာရှင် များဝိုင်းဝန်းပြင်ဆင်၍ပြည်သူလူထုအတွင်း ပွင့်လင်းမြင်သာစွာချပြရပေလိမ့်မည်။ ၂၀၀၈ အခြေခံဥပဒေအရပုံဖော်နေရ သောလွှတ်တော်အတွင်းရှိတပ်မတော် သားကိုယ်စားလှယ်များသည်လက်ရှိအခြေ ခံဥပဒေအရလိုက်နာစောင့်ထိန်းတာဝန် ယူနေသည်ဟုထင်မြင်မိပါသည်။ တပ်မ တော်သားတို့သည်မိမိတို့၏ပင်မလုပ်ငန်း ဖြစ်သော တပ်မတော်၏တာဝန်ဝတ္တရား များကိုသာထမ်းဆောင်ချင်ပေလိမ့်မည်။ မကြာခဏလွှတ်တော်တက်လိုက်၊ ပြောင်း လိုက်လုပ်နေရသည်ကို ကိုယ်ချင်းစာပါ သည်။ တပ်မတော်သားဟူသည် အထက် မှ ပေးအပ်သောအမိန့်နှင့်တာဝန်ကိုကျေ ပွန်စွာထမ်းဆောင်သည်။
အမှန်စင်စစ်ဒီမိုကရေစီနိုင်ငံများတွင် တပ်မတော်သားကိုယ်စားလှယ်မရှိဘဲအုပ် ချုပ်ရေးဝန်ကြီးဋ္ဌာနအလိုက် ကာကွယ် ရေးဝန်ကြီးကတာဝန်ယူလျှင်ပြီး၏၊ တိုက်ပုံနှင့်ခေါင်းပေါင်းများကြားတွင် ယူနီ ဖောင်းဝတ်၍ရောနှောနေရသည်မှာအ သွင်တစ်မျိုးဖြစ်နေသည်။ ရွှေဉဏ်တော် စူးရောက်သောစစ်အစိုးရခေါင်းဆောင် ဟောင်းတို့၏ ၁၅ နှစ်မျှအချိန်ယူရေးဆွဲ သော ၂၀၀၈ အခြေခံဥပဒေ၏အကျိုး ဆက်ပင်ဖြစ်သည်။ မည်သို့ဆိုစေကာမူ ဒီမိုကရေစီစနစ်အရပြည်သူကအဆုံးအဖြတ် ပေးခြင်းသာလျှင်အဓိကကျပေသည်။

သိပ္ပံစိုးတင့်
Hot News Journal