ထိုင်းရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံး ဆန့်ကျင်ဆန္ဒပြ ချီတက်ပွဲ

ပို့စ်တင်ချိန် - 2/01/2014 04:16:00 PM


ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျင်းပမယ့် ထိုင်းရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံး အစိုးရဆန့်ကျင် ချီတက်ပွဲကို ဆန္ဒပြခေါင်းဆောင် ဆူတစ်သောင်ဆူဘန်က ခေါင်းဆောင်ပြီး ဘန်ကောက်မြို့ တရုတ်တန်းမှာ ချီတက်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ယင်လပ်ရဲ့ ဖွေ့ထိုင်းပါတီ အာဏာပြန်မရအောင် မဲပေးမှုတွေကို နှောက်ယှက်တားဆီး မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိပေမယ့်လည်း ယင်လပ်အစိုးရကတော့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပါတယ်။

ဆန္ဒပြခေါင်းဆောင် ဆူတစ်သောင်ဆူဘန်က ရွေးကောက်ပွဲနေ့မှာ ဘန်ကောက်မြို့လမ်းတွေကို ငြိမ်းငြိမ်းချမ်းချမ်း ပိတ်ဆို့ ဆန္ဒပြဖို့ ပြောကြားခဲ့ပေမယ့် မဲသွားပေးတဲ့သူတွေကိုတော့ အနှောင့်အယှက်မပေးဖို့ ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြခေါင်းဆောင် ဆူတစ်က မည်သူမဆို ဘယ်အရောင်ကိုမဆို ၀တ်ဆင်နိုင်တယ်လို့ ပြောဆိုပြီး ၀န်ကြီးချုပ်ယင်လပ်တို့ အနီရောင် အင်္ကျီတွေကို ၀တ်ဆင်ပြီး ချီတက်ခဲ့ကြတဲ့ စနေနေ့ချီတက်ပွဲကတော့ ထူးခြားနေခဲ့ပါတယ်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလကုန်မှာ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ဘန်ကောက်မြို့ဆန္ဒပြပွဲတွေမှာ လူ ၁၀ ဦးသေဆုံးခဲ့ပြီး ၅၇၇ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ စနစ်တကျ မှတ်တမ်းကောက်ယူခဲ့တဲ့ အေရာဝမ်ဆေးကုသရေးစင်တာက ပြောဆိုခဲ့ပါတယ်။

DVB Burmese