မော်တော်ယာဉ်မှ နွားလှည်းအား ၀င်ရောက်တိုက်မိ

ပို့စ်တင်ချိန် - 2/13/2014 12:26:00 AM


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကုက်္ကိုခွကျေးရွာအနီး ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်တွင်းကြီး မြို့မရဲစခန်းမှတပ်ဖွဲ့များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မကွေးမှတောင်တွင်းကြီးသို့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်နေ သန်းဝင်းအောင်(၃၄)နှစ် မောင်းနှင်လာသည့် ၃ခ/xxxx ဟိုက်အေ့ခဲရောင်ယာဉ်သည် မျက်နှာချင်းဆိုင်ဝဲဘက်ခြမ်းအတိုင်း တောင်တွင်းကြီးမြို့နယ်၊ ဆုံစုကျေးရွာနေ ဦးညွန့်ဝေ(၄၉)နှစ်မောင်းနှင်လာသော နွားလှည်းဝဲဘက်ဘီး ၀င်ရိုးစွန်းအား ၀င်ရောက်တိုက်မိခဲ့သည်။ ထိုသို့တိုက်မိသဖြင့် နွားလှည်းပေါ်တွင်လိုက်ပါလာသူ တောင်တွင်းကြီးမြို့နယ်၊ ဆုံစုကျေးရွာနေ ဒေါ်ထွေးထွေး(၅၃)နှစ်မှာ ကတ္တရာလမ်းပေါ်သို့ပြုတ်ကျ၍ ၀ဲလက်ကောက်ဝတ်ကျိုးဒဏ်ရာနှင့် ဦးညွန့်ဝေ၌ ယာခြေသလုံးပွန်းခြစ်၊ ခြေမပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ သန်းဝင်းအောင်အား တောင်တွင်းကြီးမြို့မရဲစခန်း ယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်