၃၈ ပိသာရှိ လိပ်စွန်တစ်ကောင် ပဲခူးရိုးမမှဖမ်းမိ

ပို့စ်တင်ချိန် - 2/26/2014 02:57:00 PM


ပဲခူးတိုင်းဒေသကြီး (အရှေ့ ခြမ်း) ပဲခူးမြို့နယ်၊ ဇောင်းတူကျေး ရွာနေ တောင်သူကြီးတစ်ဦးက ပဲခူးရိုးမသစ်တောကြိုးဝိုင်းအတွင်း မှ ဖမ်းဆီးရမိသည်ဟုဆိုကာ ကျောရိုးအရှည် (၃) ပေခွဲ၊ ဗျက် (၂) ပေခွဲ၊ ပိဿာချိန် (၃၈) ပိဿာ ရှိ (လိပ်စွန်) ကြီးတစ်ကောင်ကို ပဲခူးမြို့နယ် တောင်သူစုကျေးရွာ ပရဟိတဘုန်းတော်ကြီးကျောင်း ဆရာတော် နယ်လှည့်ဓမ်္မကထိက ဘဒ္ဒန်္တဥူးကိတ်္တိထံ ယနေ့လာရောက် လှူဒါန်းသည်ဟုသိရသည်။
ဆရာတော်မှ ““ဒီလိပ်စွန်ကြီး ကို နိုင်ငံတော်ကို ဆက်လက်လှူ ဒါန်းသွားမှာပါ”” ဟုမိန့်ကြားသည်။

မင်းစစ်သူ(ပဲခူး)