ခွင့်ပြုချက်ရနိုင်ငံခြားအော်ပရေတာအသစ်များကြောင့် လက်ရှိအင်တာနက်ဆိုင်များ ပိတ်သိမ်းဦးမည် မဟုတ်ဟုဆို

ပို့စ်တင်ချိန် - 2/08/2014 05:44:00 PM


မကြာမီကခွင့်ပြုချက်ရရှိခဲ့သည့် နိုင်ငံခြားမိုဘိုင်း အော်ပရေတာအသစ် များကြောင့် ဝင်ငွေကျဆင်းသွားမည် ဖြစ်သော်လည်း အင်တာနက်ဆိုင် ပိတ် သိမ်းသွားမည်မဟုတ်။ ဆက်လက်ရပ်တည်သွားမည်ဟု အင်တာနက်ဆိုင်များ ဖွင့်လှစ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

”လာသုံးမယ့်သူနည်းသွားမယ် ဆိုတာကတော့ လက်ခံပါတယ်။ ဒါပေမဲ့ သုံးချင်တဲ့သူကတော့ ပုံမှန်အတိုင်း လာသုံးကြမှာပါ။ အခုလည်း မိုဘိုင်း ခေတ် ဖြစ်နေတာပဲ။ သိပ်ပြီးတော့ စိုး ရိမ်စရာတော့ မရှိပါဘူး” ဟု ကျောက် တံတားမြို့နယ်မှ အင်တာနက်ဆိုင်ပိုင် ရှင်တစ်ဦးက ပြောသည်။

မိုဘိုင်းအင်တာနက် မြန်နှုန်းများလက်ရှိထက် ပိုမိုကောင်းမွန်မြန်ဆန် လာ၍ မိုဘိုင်းအင်တာနက်ကို ပိုမိုသုံး ကြမည်ကို လက်ခံသော်လည်း ကွန်ပျူ တာဖြင့် သုံးသည့် user မှာ မည်သည့် အချိန်မှ ပျောက်ကွယ်မသွားနိုင်ပါဟု ပုဇွန်တောင်မြို့နယ်မှ Jokerအင်တာ နက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

၂၄ နာရီလုံး မိုဘိုင်းအပေါ်မှာပဲ အင်တာနက် ဘယ်သူမှ မသုံးကြဘူး။ ဘက်ထရီ ကုန်သွားမယ်။ မိုဘိုင်းဖုန်း တွေ အင်တာနက် မြန်သလို၊ ကျွန်တော်တို့ဆိုင်တွေလည်း မြန်နှုန်း ကောင်းလာမှာပါ။ ဒါကြောင့် ပိတ်ဖို့က တော့ မဖြစ်နိုင်သေးပါဘူး” ဟု ၄င်းက ပြောသည်။

သုံးစွဲသူ နည်းပါးသွား၍ အင်တာ နက်သုံးစွဲခနှုန်းများ လျှော့ချ၍ ဆိုင် ဆက်လက်ရပ်တည်ခြင်းမျိုး မဟုတ်ဘဲ ပုံမှန်နှုန်းထားအတိုင်းသာ ဆက်ဖွင့်သွား မည်ဖြစ်ကြောင်း နိုင်ငံခြားဖုန်းခေါ်ဆို ခြင်း၊ ဂိမ်းကစားခြင်းနှင့် email ပို့ခြင်း စသည့် အချက်များကြောင့်ဆိုင်ပိတ် မည်မဟုတ်ဟု လသာမြို့နယ်မှ အင်တာ နက်ဆိုင်ပိုင်ရှင်တစ်ဦး က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အင် တာနက်သုံးစွဲမှု၌ မိုဘိုင်းဖုန်းဖြင့် အင် တာနက်သုံးစွဲသည့် လူဦးရေမှာ ကွန်ပျူ တာဖြင့် သုံးစွဲသည်ထက် ပိုမိုများပြား လျက်ရှိနေပြီး မြန်နှု န်းမှာ အင်တာနက်သုံးနိုင်သည့် စနစ်များထဲတွင် အ ကောင်းဆုံး အနေအထားတစ်ရပ်ရှိနေ သည်။

ယင်းကြောင့် သုံးစွဲသူအများစုမှာ မကြာခင်ကာလတွင် ဝန်ဆောင်မှုပေး တော့မည့် မိုဘိုင်းအော်ပရေတာများ ကြောင့် အင်တာနက်မြန်နှုန်းများ ပိုမို ကောင်းမွန်မည် ဟု မျှော်လင့်ထားပြီး မိုဘိုင်းအင်တာနက်ကို လက်ရှိထက် ပိုမို သုံးစွဲရန် စောင့်ဆိုင်းနေကြသည်။

မိုဘိုင်းအင်တာနက် မြန်နှုန်းများ နှင့် ပတ်သက်၍ မိုဘိုင်းကျွမ်းကျင် ပညာရှင် ကိုစည်သူက အော်ပရေတာ များကြောင့် မိုဘိုင်းအင်တာနက် သုံးစွဲ သူမြင့်မားလာမည် ဆိုသော်လည်း မို ဘိုင်းဖုန်းတစ်ခုတည်းဖြင့် အင်တာနက် သုံးစွဲသည့်လုပ်ငန်းလုပ်ကိုင်ရသည့် လုပ်ငန်းများ ပြုလုပ်နိုင်မည် မဟုတ် ကြောင်း၊ Download, email စသည့် ကိစ္စများမှာကွန်ပျူတာဖြင့် ပို၍အဆင် ပြေသည့်အတွက် အင်တာနက်ဆိုင်များမှာ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း နိုင်ငံ တကာတွင် အင်တာနက်ဆိုင်များ ဆက်လက်ရပ် တည်နေကြောင်း သူ့အမြင်ကို ပြောသည်။

အောင်ဇော်
Popular Myanmar News Journal