သမီးလေးကျေးရွာ အကြမ်းဖက်ဖျက်စီးမှု အပါအ၀င်မြေယာပြဿနာများနှင့် အိုးအိမ်မြေယာမဲ့သူများ အရေးအတွက် ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီး တောင်းဆိုဆန္ဒပြမှု

ပို့စ်တင်ချိန် - 2/20/2014 02:44:00 PM






ဒီနေ့ အင်္ဂါနေ့ နံနက် (၁၀) နာရီမှ စတင်ပြီး ဆူးလေဘုရား နှင့် မြို့တော်ခန်းမ အနီး လွတ်လပ်ရေး ကျောက်တိုင် နံဘေးမှ စတင်၍ သမီးလေးကျေးရွာ အကြမ်းဖက် ဖျက်စီးမှု အပါအ၀င် မြေယာပြသာနာများ နှင့် အိုးအိမ်မြေယာမဲ့သူများအရေးအတွက် MDCf အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် နှင့် ပညာရေး သင်တန်ဆိုင်ရာ ကျောင်းအုပ် ကိုဇာနည် (ခ) ကိုတော တို့အပါအ၀င် တက်ကြွလှုပ်ရှားသူများ ၊ ဒီမိုကရေစီ အင်အားစုများနှင့် မိုးထိမိုးမိ ရွှေလုပ်သား ဒုက္ခသည်များကပါ ပူးပေါင်း၍ တောင်းဆိုဆန္ဒပြမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယခုဆန္ဒပြပွဲ နှင့် ပါက်သက်၍ တရားဝင် တင်ပြခဲ့သော်လည်း ခွင့်မပြုခဲ့ခြင်းကြောင့် ကိုထင်ကျော်အား ပုဒ်မ (၁၈) ဖြင့် ကျောက်တံတား ရဲတပ်ဖွဲ့စခန်းမှ အရေးယူခဲ့သည် ။

ဖြစ်စဉ်မှာ . . . ရန်ကုန်တိုင်းဒေသကြီး ၊ လည်းကူးမြို့နယ်အတွင်းရှိ နှစ်ပေါင်းများစွာ အခြေချ နေထိုင်နေကြသည့် သမီးလေးကျေးရွာအား လုံခြုံရေးဝန်ကြီး၏ အမိန့်အရဆိုကာ ဘူခရိုဆာများဖြင့် ၀င်ရောက်ဖျက်စီး အကြမ်းဖက်ခဲ့မှုအား မှတ်တမ်းရယူထားခဲ့နိင်သော MDCf အဖွဲ့မှ ဦးစီး၍ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖြိုခွဲမှုများ နှင့် မြေယာ ပြသာနာများအရေး ပြည်ထောင်စုအစိုးရမှ မှန်ကန်ညီမျှစွာ ဖြေရှင်းနိင်ခြင်းမရှိက နှုတ်ထွက်ပေးရန် တောင်းဆိုမှုများ ဖြစ်ပေါ်လာရခြင်းဖြစ်သည် ။

ပြည်ထောင်စု အစိုးရအဖွဲ့ အလိုမရှိ အဆို နှင့် ဖျက်သိမ်းရေး တောင်းဆိုသံများ လမ်းမထက် ပြန့်နှံ့နေပြီး ၊ ဆန္ဒပြပွဲအား တက်ကြွလှုပ်ရှားသူများ ၊ အလုပ်သမားသမ္မဂခေါင်းဆောင်များ ၊ မိုးထိမိုးမိရွှေလုပ်သား ဒုက္ခသည်များ နှင့် မြေယာ နစ်နာဆုံးရှုံးသူများ ၊ ဒီမိုကရေစီအင်အားစုများမှ ပူးပေါင်းပါဝင်ခဲ့ကြပြီး ဆန္ဒပြပွဲအပြီး ကိုထင်ကျော်မှ ကျောက်တံတား ရဲတပ်ဖွဲ့စခန်းမှာ သွားရောက် ရင်ဆိုင်ပြီး
ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်ခံရပြီး ကိုယ်ပိုင်ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာပါသည် ။

မနက်ဖြန် မနက် (၉း၃၀) တွင် MDCfမှ ဦးစီး၍ သမီးလေးကျေးရွာသို့ အလှူငွေ သွားရောက်လှူဒါန်းမည်ဖြစ်ပြီး မြောာက်ဥက္ကလာ ၊ (၂)ရပ်ကွက် ၊ အာသာဝတီလမ်းမကြီး MDCf သင်တန်းကျောင်းမှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရပါတယ် ။ ပေးလှူမှုအား တက်ကြွလှုပ်ရှားသူများ အပါအ၀င် ကိုမိုးသီးဇွန် တို့လည်း ပါဝင်မည်ဟု ကြားသိရပြီး မိုးထိမိုးမိ ရွှေလုပ်သား ဒုက္ခသည်များမှလည်း ပူးပေါင်းအားဖြည့်ပါဝင်မည်ဟု ပြောကြားလာပါသည် ။

ဆက်သွယ်မေးမြန်းရန်

ကိုထင်ကျော်
၀၉ ၄၂၅၂၆၉၇၈၃

မိုးထိမိုးမိရွှေလုပ်သား ဒုက္ခသည်များ

၀၉ ၂၅၀၆၆၄၀၆၅
၀၉ ၃၁၂၇၀ ၄၈၇

လေးစားလျှက်
ဝလုံး