ကားချင်းမျက်နှာချင်းဆိုင်တိုက်ရာမှ ဗိုလ်ကြီး ၁ ဦးသေဆုံး၊ ဗိုလ်ကြီး ၂ ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 2/22/2014 11:13:00 PM


Saturday, February 22, 2014

မိတ္ထီလာမြို့နယ်၊ ကျောက်ပန်တောင်းကားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၀၉း၃၀ နာရီက မိုင်တိုင်အမှတ် ၁၄/၂ အနီးတွင် မိတ္ထိလာ-ကျောက်ပန်းတောင်းဦးတည်မောင်းနှင်လာသော Crown 9C/8068 နှင့် မျက်နှာချင်းဆိုင်မောင်းနှင်လာသော လိုက်ထရပ်ကား 8B/3628 တို့ တိုက်မိပြီး လိုက်တရပ်ကားပေါ်မှ ဗိုလ်ကြီး မျိုးဝေ (၂၄)နှစ် သံချပ်ကာတပ်ရင်း ဗန်းမော်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဗိုလ်ကြီးအောင်ဇော်ထက်(၂၅)နှစ်၊ ဗိုလ်ကြီးဖြိုးဇော်ဇော်(၂၆)နှစ်တို့မှာ ဒဏ်ရာအသီးသီးရရှိ၍ မိတ္ထိလာစစ်ဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ထားရကြောင်း သိရသည်။

Crown ကားယာဉ်မောင်း ကိုသက်ဇော်အောင် (၂၁)နှစ်မှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိပြီး လိုက်ထရပ်ယာဉ်မောင်း ဦးမြင့်အောင် (၄၄)နှစ်တို့ ၂ဦးစလုံးအား ရှမ်းမငယ်ရဲစခန်းယာဉ်(ပ)၂/၂၀၁၄၊ ပုဒ်မ-၃၃၇/၃၃၈-၃၀၄(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်လှိုင်(မိတ္ထိလာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)