အမျိုးသမီးတွေ မတ်တတ် အပေါ့စွန့်နိုင်တဲ့ ကိရိယာပစ္စည်း

ပို့စ်တင်ချိန် - 2/13/2014 12:56:00 PM





ကဲ...ဒီတစ်ခါတော့sheweeလို့ခေါ်တဲ့အမျိုးသမီးမတ်တတ်ကြီးဆီးသွားနိုင်တဲ့အကူပစ္စည်းတစ်ခုအကြောင်း
ဖောက်သည်ချ လိုပါ၏။

ဒီပစ္စည်းဟာ အမျိုးသမီးတွေ အပေါ့သွားလိုတဲ့အချိန်မှာ အသုံးပြုရတာဖြစ်ပါတယ်။(ဟုတ်တာပေါ့)များသော အားဖြင့် အမျိုးသမီးတွေ အပေါ့သွားရင် ထိုင်ပြီး သွားတာများပါတယ်။ထင်တာပြောကြည့်တာပါ။

ဒီပစ္စည်းကတော့ မတ်တတ်ရပ်လျက် အသုံးပြုလို့ရပါတယ်။သယ်ရ ပြုရ လည်းလည်းလွယ်ကူပါတယ်။တစ်ခါ တစ်လေကျရင်အများသုံးအိမ်သာ(ဥပမာ- ဈေးအိမ်သာ)တစ်ချို့တွေဟာဝင်လိုက်ရင်အလွန်ညစ်ပတ် နေတာ ကို တွေ့နိုင်ပါတယ်။

တစ်ချို့တွေဆို အိမ်သာခွက်ထဲမှာ ရေတွေ၊မစင်တွေပြည့်ပြီးလျှံနေတတ်ပါတယ်။အဲဒီအချိန်ကျရင်ထိုင်လျက် နဲ့ အပေါ့သွားဖို့ အင်မတန် ၀န်လေးဖို့ကောင်းပါတယ်။

ဒါပေမယ့်ဒီပစ္စည်းကမတ်တတ်ကြီးအပေါ့စွန့်ဖို့အလွန်အသုံးဝင်ပါတယ်။အပင်တွေကြားထဲမှာ တောထိုင် အဲ တောမတ်တတ် (only အပေါ့) သွားဖို့ အဆင်ပြေပါတယ်။

အကောင်ပလောင်တွေ (ကျွတ်၊မြွေ၊စသည်....) ရန်ရှာခြင်းမှ နည်းနည်းကာကွယ်နိုင်တာပေါ့နော်။

Myawady News