အခွန်အများဆုံး ထမ်းဆောင်သူတွေကို အထူးအခွင့်အရေးကတ် ထုတ်ပေးမည်

ပို့စ်တင်ချိန် - 2/01/2014 07:26:00 PM


အခွန်အများဆုံး ထမ်းဆောင်သူတွေကို အထူးအခွင့်အရေး ကတ်ပြားတွေ ထုတ်ပေးမယ်လို့ အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က သိရပါတယ်။ ‘နိုင်ငံတကာမှာဆိုရင် အခွန်ထမ်းဆောင်တဲ့ အခွန်ထမ်းတွေကို အထူးအခွင့်အရေး လက်မှတ်တွေ၊ တံဆိပ်တွေ ထုတ်ပေးတာတွေ ရှိတယ်၊ အထူးအခွင့်အရေးကတ်တွေ ရတဲ့သူတွေကို အစိုးရဌာနတွေက ဦးစားပေး ဆောင်ရွက်ပေးတယ်၊ ဒီမှာလဲ အထူးအခွင့်အရေး ကတ်တွေ ထုတ်ပေးဖို့ စီစဉ်ဆောင်ရွက်နေတယ်’ လို့ အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ သူရဦးသောင်းလွင်က ပြောပါတယ်။ အခွန်အများဆုံး ထမ်းဆောင်တဲ့ လူ ၅၀၀ ကို နိုင်ငံ့ စွမ်းဆောင်ရည်ဆု ချီးမြှင့်ပေးတယ်လို့ သိရပါတယ်။ တစ်နှစ်လုံးမှာ အခွန်အများဆုံး ထမ်းဆောင်သူ၊ သတ်မှတ်ကာလအတွင်းမှာ အပြီး အခွန်ထမ်းဆောင်သူတွေကို နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်တာပါ။ ပြည်နယ်အစိုးရရဲ့ စီမံကိန်း လုပ်ငန်းများအတွက် တင်ဒါခေါ်ယူတဲ့အခါမှာ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခံရသူတွေကို ဦးစားပေး ရွေးချယ်တယ်လို့ သိရကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

khit lu nge