စွယ်စုံ သုံးလို့ရတဲ့ ငှက်ပျောသီး

ပို့စ်တင်ချိန် - 2/24/2014 09:50:00 PM


ငှက်ပျောသီးကို အစာအာဟာရ အတွက် စားသုံးခြင်း အပြင် အခြားသော ရည်ရွယ်ချက် များနဲ့လည်း အသုံးပြုလို့ ရပါတယ်။ သူ့ရဲ့ အသုံးပြုမှု နေရာ အချို့က အောက်ပါ အတိုင်း ဖြစ်ပါတယ်။


- ငှက်ပျောသီး အခွံအထဲက အဖန်ဓာတ် အနည်းငယ် ပါတဲ့ အသားနဲ့ သွားကို ပွတ်တိုက်ခြင်းဖြင့် သွားကို ဖြူဝင်း အရောင် လက် စေပါတယ်။ သွားဖြူဆေး အချို့မှာလည်း အဲ့ဒီအသားကို အသုံးပြုလုပ်ပါတယ်။

- ငှက်ပျောသီး အတွင်းခွံနဲ့ ဖိနပ် တိုက်လို့ ရပါသေးတယ်။ ဒါ့အပြင် စတီးနဲ့ ငွေထည့် ပစ္စည်းတို့ အရောင်လက်ဖို့ အတွက်လည်း ပွတ်တိုက်လို့ ရပါ သေးတယ်။ အဲ့ဒါနဲ့ ပွတ်တိုက်ပြီးရင် အခြား အဝတ် တစ်ခုနဲ့ ပြန် သုပ် လိုက်တဲ့ အခါ ပစ္စည်းများက အရောင်လက်နေမှာ ဖြစ်ပါတယ်။

 ငှက်ပျောသီးကို အရိုးဆူးချိန်မှာ တစ်ကိုက်စာ မြိုချတာ တို့ ပြုလုပ်ခြင်းဖြင့် လည်း လည်ပင်းက အရိုးခံတာ တွေကို ဖယ်ရှား ပေးပါတယ်။ ဒါ့အပြင် အခြားသော ရည်ရွယ်ချက် အမျိုးမျိုးနဲ့လည်း ငှက်ပျောသီးကို အသုံးပြုလို့ ရပါ သေးတယ်။
.
Ref: pocketlint
International news for Myanmar