ဒုချီးရားတန်း ကော်မရှင် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ အထိ ရခိုင်၌စစ်ဆေးမည်

ပို့စ်တင်ချိန် - 2/17/2014 09:22:00 AM


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ဖွဲ့စည်းတာဝန်ပေးထားသော ဒုချီးရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ထိ မောင်တောမြို့နယ် အတွင်း ကွင်းဆင်း စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုအခါ ဒုချီးရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်သည် မောင်တောမြို့တွင် ရောက်ရှိနေပြီး လေ့လာ စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေကြောင်း တာဝန်ရှိသူများက ပြောသည်။

၎င်းကော်မရှင် အဖွဲ့ဝင်များသည် လွန်ခဲ့သော စနေနေ့ (ဖေဖေါ်ဝါရီလ ၁၅ရက်)က မောင်တောမြို့သို့ ရောက်ရှိလာပြီး ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က မောင်တောမြို့ ခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီ နှစ်ဖက် လူမူ အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

ယနေ့ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် အခင်းဖြစ်ပွားရာ ဒုချီးရားတန်းသို့ သွားရောက် စုံစမ်း စစ်ဆေးမည် ဖြစ်သည်။

စုံစမ်းတွေ့ရှိချက်များကို အစီရင်ခံစာရေးသာပြီး ယခုလ ၂၈ ရက်နေ့တွင် နိုင်ငံတော် သမ္မတကြီးထံ တိုက်ရိုက် အရောက် ပေးပို့ တင်သွင်းရမည် ဖြစ်သည်။
Narinjara