မြန်မာအစိုးရ အခြားနိုင်ငံများနင့် တရားခံ၊ အကျဉ်းသားများ လဲလှယ်လွဲပြောင်းရေး သဘောတူလက်မှတ်ရေးထိုးထားခြင်း မရှိ

ပို့စ်တင်ချိန် - 2/15/2014 01:46:00 PM


စိုင်းလမင်း
ရန်ကုန်၊ ဇန်န၀ါရီ ၁၄

၁၉၄၈ ခုနစ် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာအစိုးရအဆက်ဆက်အနေဖြင့် အခြားနိုင်ငံများနင့် တရားခံများ၊ အကျဉ်းသားများ လဲလှယ်လွဲပြောင်းရေးနင့် စပ်လျှဉ်း၍ သဘောတူလက်မှတ်ရေးထိုးထားခြင်း မရှိဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မူးချုပ် ကျော်ဇံမြင့်ကပြောသည်။

ပြစ်မူဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း ကူညီပေးရေး သဘောတူစာချုပ်ကိုသာ ထိုင်းနိုင်ငံနင့် ၂၀၀၆ခုနစ် ဇန်န၀ါရီလ ၁၇ ရက်တွင် လက်မှတ်ရေးထိုးမူ ရှိခဲ့သည်။ သို့သော်လည်း အကျဉ်းသားလဲလှယ် လွဲပြောင်းခြင်းနင့် တရားခံလွဲပြောင်းခြင်းဆိုင်ရာ သဘောတူညီချက်များ ပါဝင်ခဲ့ခြင်း မရှိခဲ့ဟု ဒုဝန်ကြီးက ပြောသည်။

အကျဉ်းသားများ လွဲပြောင်းပေးရေး ဆောင်ရွှက်ရာတွင် အထူးသတ်မှတ်ချက်များ တောင်းဆိုခြင်း ၊ ငြင်းပယ်နိုင်သည့် အကြောင်းပြချက်များ ၊ ခြွင်းချက်များ ၊ ကန့် သတ်ချက်များ ၊ ၄င်းတို့ ကို စွန့် လွှတ်ခြင်း ၊ လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စသည့် အပြည်ပြည်ဆိုင်ရာ နစ်နိုင်ငံသဘောတူညီချက်များအပြင် ပြည်တွင်းဥပဒေများဖြင့် တိကျပြဌာန်းပေးရန် လိုအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိကျင့်သုံးနေသော တည်ဆဲဥပဒေများတွင် အကျဉ်းသားလဲလှယ်ရေးနင့် စပ်လျှဉ်း၍ ဥပဒေပြဌာန်းချက် တစ်စုံတရာ မရှိသေးပေ။

Popular Myanmar News Journal