ထိုင်းရွေးကောက်ပွဲ ရလဒ် အစိုးရမဖွဲ့နိုင်သေး

ပို့စ်တင်ချိန် - 2/03/2014 09:57:00 AM

ဘန်ကောက်မြို့ Laksi ခရိုင်က ရွေးကောက်ပွဲကို ဆန္ဒပြနေကြစဉ် (Credit: Reuters) 

ထိုင်း ​ရွေးကောက်ပွဲကို ​မနေ့ကပဲ ​ကျင်းပပြီးစီးသွားပေမယ့် ​အစိုးရကို ​ဆန့်ကျင်ဆန္ဒပြပွဲတွေပြုလုပ်ခဲ့တဲ့ ​နေရာတချို့မှာ ​မဲပေးမှုတွေ ​မရှိခဲ့တာကြောင့် ​အဲဒီနေရာတွေမှာ ​ရွေးကောက်ပွဲပြန်လည် ​ကျင်းပသွားဖို့ ​ရှိတယ်လို့ ​ထိုင်းအာဏာပိုင်တွေက ​ပြောလိုက်ပါတယ်။

မဲရုံတွေမှာ ​မဲပေးသူတွေဟာ ​၉၀ ​ရာခိုင်နှုန်းအထိ ​ရှိခဲ့ပေမယ့် ​စာရင်းပေးသွင်းထားပြီး ​မဲလာမပေးတဲ့ ​လူပေါင်း ​၆ ​သန်းလောက်ရှိခဲ့တယ်လို့ ​သိရပါတယ်။

ဆန္ဒပြသူတွေဟာ ​မဲရုံတွေကို ​ပိတ်ဆို့ထားပြီး ​လက်ရှိအာဏာရ ​အစိုးရနှုတ်ထွက်ပေးဖို့ ​တောင်းဆိုခဲ့ကြတာ ​ဖြစ်ပါတယ်။

ဒါပေမယ့် ​မဲပေးခွင့်မရခဲ့တဲ့ ​သူတချို့ကလည်း ​ဆန္ဒပြသူတွေကို ​ပြန်လည်တုန့်ပြန်မှုတွေ ​လုပ်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ခွင့်နဲ့ ​အစိုးရကို ​ဆန့်ကျင်ခွင့်ရှိပေမယ့် ​မဲဆန္ဒရှင်တွေရဲ့ ​မဲပေးခွင့်တွေကိုတော့ ​အတင်းအဓမ္မ ​ပိတ်ဆို့ခွင့်မရှိဘူးလို့ ​ဆန္ဒပြသူတွေကြောင့် ​မဲပေးခွင့် ​မရခဲ့တဲ့ ​အမျိုးသမီးတစ်ဦးက ​ပြောကြားသွားခဲ့ပါတယ်။

လောလောဆယ် ​ရရှိထားတဲ့ ​မဲအရေအတွက်နဲ့ ​အစိုးရဖွဲ့ဖို့ ​အမတ် ​အလုံအလောက် ​မရှိသေးတာကြောင့် ​လက်ရှိထိုင်းအစိုးရဟာ ​အိမ်စောင့်အစိုးရအဖြစ် ​ဆက်လက်ပြီး ​ရှိနေဦးမှာ ​ဖြစ်ပါတယ်။

By Norman Hermant in Bangkok, wires

ABC Radio Australia