မွန်ပြည်နယ် ရဲတပ်ဖွဲ့သို့ အသိပေး တိုင်ကြားနိုင်

ပို့စ်တင်ချိန် - 2/15/2014 10:19:00 AM


မော်လမြိုင် ဖေဖော်ဝါရီ ၁၃

မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး စီစဉ်ကြီးကြပ်မှုဖြင့် မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လောင်းကစားမှုပပျောက်ရေး၊ မှုခင်းများကြိုတင် ကာကွယ်ရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ရပ်ကွက်/ကျေးရွာ အေးချမ်းသာယာရေး၊ မူးယစ် ကင်းစင်ဇုန် သတ်မှတ်ရေးတို့ကို ဆောင်ရွက်ရာတွင် ပြည်သူများ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

သတင်းပေးတိုင်ကြားနိုင် အဆိုပါ စီမံချက်အရ မော်လမြိုင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရပ်မိရပ်ဖများ တွေ့ဆုံကာ စကားဝိုင်းဖွဲ့ဆွေးနွေးမှုများ ပြုလုပ်ပြီး နယ်မြေရဲစခန်းများသို့ သတင်းပေးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၇ ရက်မှစ၍ မော်လမြိုင်မြို့ပေါ် လူစည်ကားရာနေရာများတွင် နံရံကပ် ပိုစတာများနှင့် ဖုန်းနံပါတ်များဖြင့် သတင်းပေး တိုင်ကြားနိုင်ကြောင်း အသိပေးကြေညာ ထားသည်။ အလားတူ မော်လမြိုင်ခရိုင် ခြောက်မြို့နယ် ဖြစ်သည့် ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်မြို့နယ်နှင့် သထုံခရိုင် လေးမြို့နယ် ဖြစ်သည့် ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်တို့ရှိ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး နယ်မြေရဲစခန်း များသို့ သတင်းပေးတိုင်ကြားနိုင်ရန် ရပ်ကွက်၊ ကျေးရွာ လူစည်ကားရာ နေရာများတွင် စာတိုက်ပုံးများ ထားရှိ ထားကြောင်း သိရသည်။

MOI Webportal Myanmar