ရ၀တ/ရယက ဥက္ကဌများအား ထိုက်သင့်သည့်ချီးမြှင့်မှုများ ဆောင်ရွက်ပေးရန် အစိုးရအစီအစဉ်မရှိ

ပို့စ်တင်ချိန် - 2/27/2014 09:37:00 AM



စိုင်းလမင်း
နေပြည်တော်၊ ဖေဖော်ဝါရီ၂၆
နိုင်ငံတစ်ဝှမ်းလုံးရှိ ရပ်ကွက်/ကျေးရွာများတွင် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း
တာဝန်ထမ်းဆောင်ခဲ့သည့် ရ၀တ/ရယက ဥက္ကဌများအား ထိုက်သင့်သည့် ချီးမြှင့်မှုများ ဆောင်ရွက်ပေးရန် လက်ရှိ နိုင်ငံတော်အစိုးရအနေဖြင့် အစီအစဉ်မရှိဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မူးချုပ် ကျော်ဇံမြင့်က ပြောသည်။

တာဝန်ထမ်းဆောင်ခဲ့ကြသော ဖေဖော်ဝါရီ(၂၆)ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဝေါ်မဲဆန္ဒနယ်မှဦးမြင့်ရွှေ၏ မေးခွန်းအား ဒုတိယ၀န်ကြီးက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးတာဝန်ထမ်းဆောင်သူများအား နိုင်ငံရေးပင်စင်၊ ဆုငွေ၊ အခြားထောက်ပံ့မှုများကိုချီးမြှင့်ရန်မှာ သက်ဆိုင်ရာ အစိုးရအဖွဲ့မှသာ ဥပဒေပြဌာန်း ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် နိုင်ငံရေးတာဝန် ထမ်းဆောင်သူများကို ချီးမြှင့်ရန်အတွက် နိုင်ငံရေးပင်စင်ဥပဒေကို ပြဌာန်းထားရှိပြီး လက်ရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများကို ချီးမြှင့်ရန် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ အခန်း(၁၂)တွင် ပြဌာန်းထားရှိပြီးဖြစ်သည်ဟု ဗိုလ်မှုးချုပ်ကျော်ဇံမြင့်ကပြောသည်။

“နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နဲ့နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့လက်ထက်တွေမှာ ရ၀တ/ရယကဥက္ကဌများကို ချီးမြှင့်ရန်နှင့်စပ်လျဉ်းပြီး ဥပဒေပြဌာန်းထားရှိခဲ့ခြင်းမရှိပါ”ဟု ဒုတိယ၀န်ကြီး ဗိုလ်မူးချုပ် ကျော်ဇံမြင့်က ရှင်းလင်းပြောကြားသည်။

Popular Myanmar News Journal