အမည်မသိ ခရီးသည်မှ ချွန်ထက်သောအရာဖြင့်ထိုးခဲ့၍ ဆိုင်ကယ်ကယ်ရီမောင်းသူတွင် ဒဏ်ရာများရရှိ

ပို့စ်တင်ချိန် - 2/03/2014 08:39:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်နေ ဒေါ်အေးအေးလွင်မှ ၎င်း၏ သားဖြစ်သူ မောင်ကောင်းခန့်ဗိုလ်မှာ ခင်မင်ရင်နှီးသည့် ဆိုင်ကယ် ကယ်ရီမောင်းသူ ကိုမင်းမင်းခိုင်၏ ဆိုက်ကယ်နှင့်အတူ ၁.၂.၂၀၁၃ရက်နေ့ ၂၂၃၀အချိန်တွင် နေအိမ်မှလိုက်ပါသွားခဲ့ကြောင်း၊ တံတားဖြူထိပ်တွင် ကိုမင်းမင်းခိုင်၏ဆိုင်ကယ်အားငှားကာ တစ်ဦးတည်းစီးနင်းသွားခဲ့ကြောင်း၊ ၂.၂.၂၀၁၄ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင် ရွှေပေါက္ကံ(၁၅)ရပ်ကွက်၊
ညောင်ရမ်းလမ်းပေါ်တွင် ဆိုင်ကယ်မှောက်သည်ဟုကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ အခင်းဖြစ်နေရာ၌ သားဖြစ်သူတွင် လည်ပင်း
၌ ပြတ်ရှဒဏ်ရာ(၁)ချက်၊ နောက်ကျောယာဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်
တို့ရရှိထားကာ ဆိုင်ကယ်နှင့်အတူတွေ့ရကြောင်း၊ ဖြစ်စဉ်အားမေးမြန်း
ခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ ကျောင်းလမ်းထိပ်မှ အမည်မသိအမျိုးသား(၁)ဦးက ရွှေပေါက္ကံမြို့သစ်ဆေးရုံကွေ့သို့ဆိုင်ကယ် ကယ်ရီငှားသဖြင့်လိုက်ပို့ပေးခဲ့စဉ် အဆိုပါခရီးသည်မှ ချွန်ထက်သော အရာဖြင့်ထိုးခဲ့သဖြင့် ရရှိသောဒဏ်ရာများဖြစ်သည်ကို ပြောပြသိရှိခဲ့ရ
ကြောင်းနှင့် သားဖြစ်သူမှာ မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ်တက် ရောက်ကုသနေလျက်ရှိကြောင်းတို့ကို ပြောပြ
တိုင်တန်းခဲ့သဖြင့် ရွှေပေါက္ကံနယ်မြေရဲစခန်း(ပ)၂၀ /၂၀၁၄၊ ပုဒ်မ ၃၂၆ ဖြင့်
အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police