ဂျာမနီနိုင်ငံက မြန်မာနိုင်ငံတွင် အိုင်တီပိုင်းနှင့် နည်းပညာပိုင်းရင်းနှီးမြုပ်နှံရန် စိတ်အားထက်သန်နေ

ပို့စ်တင်ချိန် - 2/17/2014 03:46:00 AM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆။

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအများစုအနက် ဂျာမနီနိုင်ငံအနေဖြင့် အိုင်တီပိုင်း နှင့် နည်းပညာပိုင်း ရင်းနှီးမြုပ်နှံရန် စိတ်အားထက်သန်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်ကျင်းပသည့် မြန်မာ-ဂျာမနီ စီးပွားရေးဖိုရမ်တွင် Thura Swiss စီးပွားရေးအတိုင်ပင်ခံ ဦးအောင်သူရက ပြောကြားသည်။

“ရင်းနှီးမြုပ်နှံမှုအပိုင်းမှာ ဂျာမနီကတော့ အာရှနိုင်ငံတွေလောက်မြန်ချင်မှမြန်မယ်၊ မြန်မာကစီးပွားရေးပွင့်လင်းလာတာ ၂
နှစ်၊ ၃ နှစ် ပဲရှိသေးတယ်၊ ရင်းနှီးမြုပ်နှံမှုနဲ့ကြည့်ရင် အချိန်ကနည်းသေးတယ်၊ ဒီလောက်ဖြစ်လာတာပဲ မနည်းဘူးပြောရမယ်” ဟု ၎င်းကပြောသည်။

သို့ရာတွင် ဂျာမနီနိုင်ငံသည် ပြည်တွင်းတွင် နည်းပညာ၊ အိုင်တီစီးပွားရေးလုပ်ငန်းများအပြင်
လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း ပူးပေါင်းလုပ်ကိုင်ရန်ပြင်ဆင်နေပြီး လက်ရှိတွင်
ကုန်သွယ်မှုလုပ်ငန်းများဖြင့် ဝင်ရောက်လုပ်ကိုင်ရန် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း
သိရသည်။

ဂျာမနီနိုင်ငံသည် ပြည်တွင်းမှ၌ အများဆုံးလုပ်ကိုင်လျက်ရှိသော စက်ပစ္စည်းများကိုလာရောက်ရောင်းချခြင်း၊ စက်မှုဇုန်များတည်ဆောက်ခြင်း၊ စက်ရုံများတည်ဆောက်ကာ ကုန်ပစ္စည်းများထုတ်လုပ်ခြင်းကို နောက်လာမည့် ၅
နှစ်အတွင်း တည်ဆောက်သွားရန်ရှိကြောင်း ဆက်လက်ပြောကြားသည်။

“အဲဒီလိုတည်ဆောက်ဖို့ ကယုံကြည်မှုအရင်တည်ဆောက်ရမယ်၊ မြန်မာမှာကရင်းနှီးမြုပ်နှံမှုနဲ့ကြည့်ရင် အတွေ့အကြုံသိပ်မရှိဘူး၊ ရင်းနှီးမယ့်သူတွေ ပြဿနာဖြစ်ရင်ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိတာကြောင့်
နားလည်မှုလွဲနေတယ်၊ သူတို့ယုံကြည်ရင်လဲ လုပ်ငန်းကခိုင်မာတတ်ပါတယ်”ဟု လည်းဆိုသည်။

ကိုထိုက်