ကျေးလက် တစ်ပိုင်တစ်နိုင် ကန်ငယ်များတွင် ငါးမျိုးစိုက်ထည့်ခဲ့ရာမှ ငါး ပိသာချိန် (၂၇၅၀၀ ) ထွက်ရှိမည် ခန့်မှန်း

ပို့စ်တင်ချိန် - 2/27/2014 12:10:00 PM


မလှိုင်၊ ဖေဖေါ်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်အတွင်းရှိ ကျေးလက်တစ်ပိုင်တစ်နိုင် ကန်ငယ်များတွင် ၂၀၁၃ ခုနှစ်က ငါးမျိုးများစိုက်ထည့်ခဲရာ ယခုနှစ် ငါးဖမ်းရာသီတွင် ငါးပိသာချိန်(၂၇၅၀၀) ခန့်ထွက်ရှိမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခန့်မှန်းထားကြောင်းသိရသည် ။

တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုငွေများကိုလည်း စက်ယန္တရားများဖြင့် ဆည်ကန် ပေါင်း (၄၂) ခု ၊ အလုပ် သမားများဖြင့် (၁၅) ကန်၊စုစုပေါင်း (၅၇) ကန်တူးဖေါ်ခဲ့ပြီး၊ လက်ရှိငါးမွေးလျှက်ရှိသည့်ကန် (၉) ကန်နှင့် ထပ်မံတူးဖေါ်ကန် (၅၇) ကန်အနက်မှ (၁၁) ကန် စုစုပေါင်း (၂၀) ကန်အတွက် ငါးမျိုးပေါင်း(၃) သိန်းအား၂၀၁၄ ခုနှစ် ငါးမျိုးစိုက်ထည့်သည့်ရာသီတွင် စိုက်ထည့်နိုင်ရေးကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar