ဖုန်းပြောနေသူထံမှ ဖုန်းကိုလုယူထွက်ပြေးသူအား ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 2/03/2014 08:39:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၃

၁.၂.၂၀၁၄ ရက်နေ့ ၂၁၂၀အချိန် တာမွေမြို့နယ်နေ ဒေါ်ဇင်မေသူသည် မလွှကုန်းလမ်းတွင် ဖုန်းပြောနေစဉ် နောက်ဘက်မှဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးက ၎င်း၏ HUAWEI-8812 အမျိုးအစားလက်ကိုင်ဖုန်း
အား လုယူမောင်းနှင်ထွက်ပြေးသွားသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ တာမွေမြို့မရဲစခန်း (ပ)၅၉/၂၀၁၄၊ ပုဒ်မ ၃၈၂ ဖြင့်အမှုဖွင့် လှစ်ကာ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားနိုင်သော အခြားရဲစခန်းများသို့ ဆက်သွယ် အကူအညီတောင်းခံခဲ့ရာ ၂.၂.၂၀၁၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ပဲခူးအမှတ်(၃)နယ်မြေရဲစခန်းအပိုင်တွင် ၎င်းရဲစခန်းမှ
သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်နေ ကိုကိုဦး(ဘ)ဦးတင်စိုးအား
ဒေါ်ဇင်မေသူ၏ လက်ကိုင်ဖုန်းနှင့်အတူ ဖမ်းဆီးရမိခဲ့၍ ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police