တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်

ပို့စ်တင်ချိန် - 2/08/2014 03:54:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၈

၈.၂.၂၀၁၄ရက်နေ့၀၂၁၅အချိန် တောင်ဥက္ကလာပမြို့နယ်၊သစ္စာလမ်းအတိုင်း
ရန်ကင်းဘက်မှ ဥက္ကလာပစေတီဘက်သို့ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင် လာသော 8F---- ဂျစ်အနက်ရောင်ယာဉ်သည် ဥက္ကလာပစေတီရှေ့အရောက်
ဝဲဘက်သို့ချိုးကွေ့စဉ် သံသုမာလမ်းအတိုင်း မြင်သာဘက်မှ ဘေလီ ဘက်သို့ ယာဉ်မောင်း ဦးထွန်းရမောင်းနှင်လာသော ၄င/---- နီဆန်း UD
ယာဉ်အား ၀င်ရောက်တိုက်မိခဲ့ပြီး 8F ----ယာဉ် မောင်းမှာ အခင်းဖြစ်နေရာ တွင်ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်ဆီးပြီး 8F---- ယာဉ်ပေါ်ပါ သင်္ဃန်းကျွန်းမြို့နယ်နေ ကိုဇင်မင်းအောင်မှာ ယာဉ်ပေါ်မှ ပြုတ်ကျကာ ဦးခေါင်းကွဲ၊ ရင်ဘတ်စုတ်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံး သွားခဲ့သောကြောင့် 8F---- ယာဉ်မောင်း(စုံစမ်းဆဲ)အား တောင်ဥက္ကလာပ မြို့မရဲစခန်း ယာဉ်(ပ) ၁၀/၂၀၁၄၊ ပုဒ်မ ၃၀၄-က/၂၀၂ ဖြင့်အမှုဖွင့်
အရေးယူကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။ှ

Yangon Police