လာမည့် ၁၀ နှစ်တွင် မြေအောက်ရထားနှင့် ကောင်းကင်ရထား ပြေးဆွဲမည်

ပို့စ်တင်ချိန် - 2/06/2014 07:01:00 PM


ကာလလတ် စီမံကိန်းအဖြစ် လာမယ့် ၂၀၂၅ ခုနှစ်လောက်ရောက်ရင် ရန်ကုန်မှာ မြေအောက်ရထားနဲ့ ကောင်းကင်ရထား ပြေးဆွဲနိုင်အောင် အကောင်အထည်ဖော်မယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေမူကြမ်း ဆွေးနွေးစဉ် သူက ခုလို ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရထားလမ်းပိုင်းတွေဟာ ၁၀ ကီလိုမီတာကျော် ရှည်လျားမှာ ဖြစ်ပြီး စီမံကိန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောက်ရွက်မှု အေဂျင်စီ (ဂျိုက်ကာ)တို့ ပူးပေါင်း ရေးဆွဲတာလို့ သူက ရှင်းပြပါတယ်။

လောလောဆယ် ရထားပို့ဆောင်ရေးဝန်ကြီးဌာနဟာ ဆိုးရွားနေတဲ့ ရန်ကုန် – မန္တလေး လမ်းပိုင်း ပြုပြင်ဖို့အတွက် ဂျပန်နိုင်ငံက အိုဒီအေချေးငွေ အကူအညီ ရယူထားပြီးလည်း ဖြစ်ပါ တယ်။

DVB Burmese