၆ နှစ်အရွယ် မိန်းကလေးကို မုန့်ဖိုးပေးကာ စပ်ယှက်သည်ဆိုသူအား တိုင်တန်း

ပို့စ်တင်ချိန် - 2/24/2014 10:59:00 PM


တိုးဝေအောင်   |   Monday, 24 February 2014

အင်းစိန်မြို့နယ်တွင် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သားမယားပြုကျင့်ခံရသည်ဆိုကာ
တိုင်ကြားခဲ့မှု ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ မွန်းလွဲပိုင်းတွင် အင်းစိန်
မြို့နယ်နေ အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး သည် ရပ်ကွက်အတွင်းသွားလာ နေသည့်
အသက် ၆ နှစ်အရွယ် သမီးဖြစ်သူ အား ရေချိုး ပေးရန်ပြုလုပ်စဉ် အပေါ့သွား မည်ပြော၍ အိမ်သာ
အတွင်း ၀င်သွားခဲ့ရာကပြန် မလာသဖြင့် သွားရောက် ကြည့်ရှုခဲ့သည်။

ထိုသို့သွား ရောက်ကြည့်ရှုခဲ့ရာတွင် သမီးဖြစ်သူက မိန်းမ ကိုယ်နာကျင်ကြောင်းပြောပြသိရ
သဖြင့်ကြည့် ရှုခဲ့သည်။ နံနက် ၉ နာရီအချိန်ခန့် တွင် လမ်းအတွင်း ဆော့ကစားနေစဉ် အင်းစိန်
ရွာမ အနောက်ရပ်ကွက်နေအောင်ကို (၃၇ နှစ်) က မုန်ဖိုး ပေးမည်ဟုပြောဆိုကာ ငါးဒိုင်ကျူတော
အတွင်းသားမယားပြုကျင့်ခဲ့ကြောင်း၊ နေ့လည် ၁ နာရီအချိန်ခန့်တွင် တစ်ကြိမ်ထပ်မံ သားမယား
ပြုကျင့် ခဲ့ကြောင်းပြောပြ သိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

အင်းစိန်မြို့မရဲစခန်းက(ပ)၁၈၅/၁၄ ပြစ်မှု ပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။