ပြည်ခိုင်ဖြိုး ပါတီမှ ကိုယ်စားလှယ်တစ်ဦး၏လုပ်ရပ် ပြည်သူ့လွှတ်တော်ထံ အစိုးရအဖွဲ့က တိုင်ကြားထားသော်လည်း တစ်လကြာသည်အထိ အရေးယူမှု မရှိ၍ မေးခွန်းထုတ်လာ

ပို့စ်တင်ချိန် - 2/26/2014 05:22:00 PM

၂ဝ၁၄ လွတ်လပ်ရေးဧည့်ခံပွဲတွင်တွေ့ရသော ဦးရွှေမောင် (ဓာတ်ပုံ - Shwe Maung facebook)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

လူထုလိုက်နာရမည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းပေးနေသည့် ပြည်သူ့ လွှတ်တော်က ၄င်း၏ကိုယ်စားလှယ်တစ် ဦး လုပ်ရပ်နှင့် ပတ်သက်၍ တိုင်ကြားမှု အပေါ် တစ်လနီး ပါး ကြာသည်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးဘဲ နှုတ်ဆိတ်နေမှုအား တက် ကြွလှုပ်ရှားသူများနှင့် တရားလွှတ်တော် ရှေ့နေ အချို့က မေးခွန်း ထုတ်လာ သည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်၊ ဒုချီးရားတန်းကျေးရွာနှင့် ဒုချီး ရားတန်း (အနောက်)ကျေးရွာတို့တွင် ယခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့နှင့် ၂၈ ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ရဲတပ်ကြပ် တစ်ဦး ပျောက်ဆုံးမှုနှင့် ကျေးရွာရှိ နေအိမ်မီးလောင်မှုများနှင့် စပ်လျဉ်း၍ မောင်တောမြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ရွှေမောင်က DVB  သတင်းဌာနသို့       ‘မီးရှို့မှုတွင် ရဲများပါဝင်ပတ်သက်မှု ရှိ နေကြောင်း’ ထုတ်ဖော်စွပ်စွဲပြောကြား ခဲ့သည်။
ထိုကိစ္စနှင့်စပ်လျဉ်း၍ သမ္မတ ဦး သိန်းစိန် ခေါင်းဆောင်သော ပြည် ထောင်စုအစိုးရအဖွဲ့က လွှတ်တော် ဥပဒေ (လွှတ်တော်ကိုယ်စားလှယ်တစ် ဦးဦး ပြစ်မှုကျူးလွန်ပါက လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရဘဲ ဖမ်းဆီးချုပ် နှောင်ခွင့်မရှိစေရ)ကို ကျော်လွန်ခြင်းမရှိဘဲ နိုင်ငံတော်နှင့် ရဲတပ်ဖွဲ့ကို အ ကြည်ညိုပျက်အောင် ပြောဆိုမှုဖြင့် အ ရေး ယူပေးရန် သဝဏ်လွှာပို့၍ လွှတ် တော် ဥက္ကဋ္ဌထံ လွန်ခဲ့သည့် တစ်လခန့် ကတင်ပြခဲ့သော်လည်း ယင်းကိစ္စနှင့်ပတ် သက်၍ တစ်စုံတစ်ရာ အရေးယူခြင်း မပြုလုပ်သေး သည့်အပေါ် ၄င်းတို့က မေးခွန်းထုတ် ပြောဆိုလိုက်ခြင်း ဖြစ် သည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် နယ်လှည့်ပါးရိုက်သည့် ကိစ္စပြောဆိုခဲ့မှု အား ဆန္ဒထုတ်ဖော်ခဲ့သဖြင့် အမှုဖွင့် ခြင်းခံထားရပြီး လက်ရှိတွင် အမှုရင် ဆိုင်နေရသူ   ပြည်မြို့ရှိတရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးက ”လွှတ်တော်ကိုယ် စားလှယ်တစ်ဦးဖြစ်တာနဲ့ ဒီလိုအချိန် ဆွဲလို့ရလား၊ ကျွန်တော့်ကိုကျတော့ ချက်ချင်းရုံးတင် တယ်” ဟု ဝေဖန်သည်။
ပြည်ခိုင်ဖြိုးပါတီဝင် ဦးရွှေမောင် ၏ ပြောဆိုချက်သည် သက်သေ မခိုင် လုံဘဲ မမှန်သတင်းပေးမှု၊ ပြည်သူ့ရဲများ ရာဇဝတ်မှုကို ကိုယ်တိုင် ဖန်တီးနေ သယောင် ပြည်သူ လူထုအား ကြောက် ရွံ့ထိတ်လန့်စေမှု၊ ပြည်ထဲရေးဝန်ကြီး ဌာနအား အကြည်ညိုပျက်စေမှု စသော အချက်များနှင့်ငြိစွန်းသောကြောင့် အာမခံ မရှိသော ပုဒ်မ ၅ဝ၅ (ခ) နှင့် ချက်ချင်းစွဲ နိုင်ကြောင်း ¤င်းကဥပဒေပုဒ်မအကိုးအ ကားဖြင့် ရှင်းပြသည်။
ထို့အပြင့် ညငအပ ဂျာနယ်နှင့် တပ် မတော်လက်ရှိဖြစ်ပွားနေသော အမှုအ ပေါ့် ညငအပ ဂျာနယ်ဘက်မှ အမှုလိုက် ပေးနေသော ရှေ့နေ ဦးရောဘတ်စန်း အောင် ကလည်း ”စံပြလုပ်ပြရမှာ။ ဒီလို မဟုတ်တော့ လွှတ်တော်ကြီးရဲ့ ဦးတည် ရာလမ်းကြောင်းကလိုအပ်ချက်ရှိသွား ပြီ”ဟု ထောက်ပြသည်။
ရဲအရေးပိုင်သော အမှု (၄င်း ပြော ဆိုခဲ့သော ရုပ်သံအရ) သက်သေခံ ပြည့်စုံနေပါသော်လည်း တစ်ဖက်တွင် အာဏာရ၊ အနိုင်ရ မိခင်ပါတီကြီး၏ အရှိန်အဝါအရဖြစ်ေ သာကြောင့်လော ဟုထည့်သွင်းစဉ်းစားစရာရှိသွားနိုင်သည် ဟု ဦးရောဘတ်စန်းအောင်ကဆက် ပြောသည်။
၂ဝ၁ဝ အထွေ ထွေရွေးကောက်ပွဲ တွင်ရွေးကောက်ခံလွှတ်တော် ကိုယ်စား လှယ်တစ်ဦးဖြစ်လာသော ဦးရွှေမောင် ၏ ၂ဝ၁၄ ကိစ္စနှင့် တပ်မတော်အစိုးရ လက်ထက်၌ ၇ နှစ်ကျော်ကြာ ရန်ကုန် မြို့တော်ဝန်ဖြစ်ခဲ့သော တောင်ဥက္ကလာပ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ ကိစ္စနှစ်ခုကို ပြည်ခိုင်ဖြိုးပါတီနှင့် နီးစပ်သူ တစ်ဦးက နှိုင်းယှဉ်သုံးသပ်ပြသည်။
”မြစ်ဆုံကိစ္စကို ဆက်လုပ်သင့် တယ်လို့ ဦးအောင်သိန်းလင်းက ပြောခဲ့ တော့ ပါတီက တစ်လအတွင်း ထုတ် ပြန်ချက်ထုတ်ပြီး အရေးယူခဲ့တယ်။ ဒါ ပေမဲ့ ဦးရွှေမောင် မှာတော့ ငြိမ်သက် နေတာတွေ့ရတယ်။ အချိန်မတန်သေး လို့များလား”ဟုသူ့အမြင်ကိုပြောသည်။
၂ဝ၁၂ ခုနှစ်ဇွန်လထဲတွင် တရုတ် သတင်းစာSouthern Weekend China  သို့ ဦးအောင်သိန်းလင်းက မြစ်ဆုံနှင့် ပတ်သက်သောစကား၊ ဒေါ်အောင်ဆန်း စုကြည်၏ NLD ပါတီအပေါ် ဝေဖန် ချက်ကြောင့် ၂ဝ၁၂ ဇူလိုင်လ၌ ပါတီ တွင်း အဖွဲ့ဖွဲ့၍ စစ်ဆေးခြင်းခံရပြီး ၄င်း ကို ရန်ကုန်တိုင်းဒေသကြီး ပါတီတာ ဝန်ခံအဖြစ်မှ ဖယ်ရှားခဲ့သည်။
    ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကတော့” ဘယ်သူ့ကိုမှ အကာ အကွယ်မပေးဘူး”ဟု ပြောသည်။
ပြည်သူ့လွှတ်တော် တရားစီရင် ရေးနှင့်ဥပဒေရေးရာကော်မတီအတွင်း ရေးမှူးဦးမြင့်ထွန်းနှင့်NLD ပါတီ ဥက္ကဋ္ဌဦးဆောင်သော တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မ တီအတွင်းရေးမှူးဦးဝင်းမြင့်ထံသို့ ဦးရွှေ မောင်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ တွင်လည်း သမ္မတက သဝဏ်လွှာပေး ကြောင်းသာ အပြင်ကပြော၍ သိရပြီး တရားဝင်မဟုတ်သည့်အတွက် မှတ် ချက်မပေးလိုကြောင်းသာ ပြန်လည် ပြောဆိုသည်။
ဦးမြင့်ထွန်းက ”မီဒီယာတွေက ပြောမှသိရတာဗျ။ လွှတ်တော်ထဲတရား ဝင်ဘာမှ မပြောတော့ သေချာမသိဘူး” ဟု ဆိုသည်။
ထို့အတူဦးဝင်းမြင့်ကလည်း ထိုအ ပေါ် မှတ်ချက် မပေးလိုသော်လည်း ဥပဒေအထက်တွင် မည်သူမှ မရှိစေရ ဆိုစကားကိုမူ မပျက်သွားသင့်ကြောင်း ပြော သည်။သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက နိုင်ငံတော်သမ္မတရုံးက လွှတ်တော်ထံတိုင်တန်းထားမှုကို ရပ်မ ပစ်ဘဲ ဆက်လုပ်သွားရမည့်ကိစ္စ ဖြစ် သည်ဟု ပြောသည်။
ဒုချီးရားတန်းအရေးနှင့် ပတ်သက် ၍ ဖြစ်စဉ်အမှန်ကို ယခုဖေဖော်ဝါရီလ ၂၈ ရက်နေ့အပြီး စုံစမ်းဖော်ထုတ်ရန် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖွဲ့စည်း တာဝန်ပေးခဲ့သော အဖွဲ့ဝင် ၁ဝ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ညွှန် ကြားထားကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေ ဦးမြင့် အေးက လွှတ်တော်ကိုယ်တိုင်က ဥပဒေ လိုက်နာမှု ရှိ၊ မရှိနှင့် မည်သူကမှားသည် မှန်သည်ကို ပြည်သူတို့ပွင့်လင်းစွာ သိ စေရန်   စောင့်ကြည့်မည်ဟု ပြောသည်။

Popular Myanmar News Journal