ဧပြီမှာ ရုံတင်မယ့် Captain America အသစ်

ပို့စ်တင်ချိန် - 2/06/2014 07:00:00 AM


Captain America : The winter solider အမည်နဲ့ ဒုတိယမြောက် Captain America ရုပ်ရှင်ကို မြင်တွေ့ ရပါ တော့မယ်။ ဒုတိယမြောက် ဆိုတာ ခေတ်သစ် Captain America ကိုဆိုလိုတာပါ။ ၁၉၇၀ ကျော်တွေ ကတည်းက Captain America ကိုရိုက်ကူးခဲ့ပေမယ့် ယနေ့ခေတ်လို Animation မများပါဘူး။


သို့ပေမယ့် ဒီဇာတ်ကားကလည်း ၁၉၇၉ ကထွက်တဲ့ Death To Soon ကိုပဲ ပြန်အခြေခံထားတာပါ။ ရုပ်ရှင် အမည် ကတော့ ပြောင်းလဲ သွားပါ တယ်။ Falcon လို့ခေါ်တဲ့ ဟီးရိုး တစ်ကောင်လည်း ပါဝင် လာပါတယ်။ Chris Evans ကတော့ ထုံးစံအတိုင်း Captain America ဖြစ်နေပါအုံးမယ်။ Black Widow လို့ ခေါ်တဲ့ အမျိုးသမီး ဟီးရိုးလည်း ပါဝင်နေသေးပြီး သူ့နေရာမှာကတော့ ငြို့အားပြင်းတဲ့ Scarlett Johansson ပါ။ ဟီးရိုး Falcon နေရာ မှာတော့ Anthony Mackie ကို မြင်တွေ့ ရပါမယ်။ ဗီလိန်နေရာမှာ သရုပ်ဆောင်တဲ့ Winter Solider ကတော့ မင်းသား Sebastina Stan ပဲ ဖြစ်ပါတယ်။

ကမ္ဘာဖြတ်ဖို့အတွက် hit man တွေဆုပြီး လှုပ်ရှားတဲ့ အဖွဲ့ကို Captain America တို့က ဦးဆောင် တိုက်ခိုက် ရမှာပါ။ Animation ကောင်းကောင်း၊ Effect ကောင်းကောင်းနဲ့ ရိုက်ကူးထားတာကို မြင်တွေ့ ရမှာပါ။ ၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ စတင် ရုံတင်ပြသမှာ ဖြစ်ပါတယ်။ ရုပ်ရှင် အမြည်း ကို ကြည့်ရှု နိုင်ပါတယ်။


အောင်ခမ်း
International news for myanmar