စစ်ကွင်းမြို့ တွင် ပထမဆုံး e-library ဖွင့်လှစ်

ပို့စ်တင်ချိန် - 2/09/2014 07:05:00 PM


စစ်ကွင်း၊ ဖေဖော်ဝါရီ ၈။

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် စစ်ကွင်းမြို့၏  ပထမဆုံး နေကြယ်စင်း  e-library  ကို အလှူရှင် ဦးဇော်လွင်ဦး နှင့် ဒေါ်ခင်ခင်ချိုမိသာစု ကောင်းမှုဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံအနှံအပြားတွင် စာကြည့်တိုက်များ တည်ဆောက်လျက်ရှိနေသော်လည်း e-library  အားဖွင့်လှစ်ရခြင်း မှာ စာဖက်သူများသည် စာဖက်မှုများသည့်အခါတွင် စာအားရိုးမသွားရန် အတွက်နှင့် တိုးတက်လာသော ခေတ်စနစ်နဲ့အညီ လူငယ်များ IT နည်းပညာအား အသုံးပြုရန်အတွက် ဖြစ်ကြောင်းအဆိုပါပွဲတွင် သိရသည်။

အဆိုပါ နေကြယ်စင်း  e-library  ကိုအား လှူဒါန်းသည့် ဦးဇော်လွင်ဦးက “ကျွန်တော်ဟာ ဒီရပ်မှာမွေးတဲ့သူ တစ်ဦးပါ ကျွန်တော်ငယ်ငယ်တုန်းက အရမ်းကို ဆင်းရဲပါတယ် ဒါကြောင့်မို့လို့ တိုးတက်မှု နောက်ကျနေတဲ့ ကျွန်တော်ရွှာလေးကို တိုးတက်စေချင်လို့ လှူဒါန်းတာဖြစ်ပါတယ်”ဟု အလှူရှင် ဦးဇော်လွင်ဦးက ပြောသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် စစ်ကွင်းမြို့၏  ပထမဆုံး နေကြယ်စင်း  e-library  ဖွင့်ပွဲကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ  ၈ ရက်နေ့ နေလည် ၂ နာရီတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

နှင်းနွယ်
The Myanma Age