Facebook သိတဲ့ သင့် Relationship အကြောင်း

ပို့စ်တင်ချိန် - 2/17/2014 11:14:00 AM


ဆိုရှယ်မီဒီယာတစ်ခု ဖြစ်တဲ့ facebook ဟာ အသစ်ရှာဖွေမူတစ်ခု ပြုခဲ့ပါတယ်။ ဒါဟာဘာလဲဆိုတော့ "in a relationship." လို့ ဖေ့ဘုတ်အသုံးပြုသူတွေ ပြောင်းလဲလိုက်တဲ့ Status အကြောင်းထဲကို ဖြစ်ပါတယ်။ ဖေ့ဘုတ်ပေါ်မှာ စသိတဲ့လူပဲဖြစ်ဖြစ် အွန်လိုင်းအသုံးများပြီး အွန်လိုင်းကပဲ ပြောဆိုဆက်ဆံမိလေ့ရှိကြတဲ့ လူတွေပဲဖြစ်ဖြစ် သူတို့ရဲ့ ဖေ့ဘုတ် Timeline ပေါ်မှာ Status တွေ tag ပြီးတော့ပဲ ဖြစ်ဖြစ် with ဘယ်သူနဲ့ပါဆိုပြီးတော့ ရေးလေ့ရှိပါတယ်။ ဒါကို ဖေ့ဘုတ်ကသိပါတယ်။ relationship မစတင်ခင်မှာ ၁၂ရက်လောက်မှာ (1.67 ) ပို့စ်ခန့် သူတို့ရဲ့ timeline မှာတင်နေကြတယ်လို့ ဆိုပါတယ်။ တကယ်တမ်း Status update ( relationship ) လည်းတင်လိုက်ရော ပုံမှန်အားဖြင့် post တွေက လျော့သွားတတ်ကြပါတယ်တဲ့။ ယူဆရန်ရှိတာကတော့ relationship ပြုလုပ်ထားတာဟာဖြင့် ချစ်သူရည်စားများနဲ့ ဖြစ်သွားကြပြီး သူတို့ အပြင်မှာ အတူတကွ အချိန်တော်တော်များများ ကုန်ဆုံးဖို့ ဆုံးဖြတ်ထားကြတာ ဖြစ်ပါလိမ်မယ်။

အဲဒီအတွက် အွန်လိုင်းလူပျိုလှည့်ပိုးပန်းခြင်း မရှိတော့ဘဲ အပြင်ရုပ်ပိုင်းဆိုင်ရာလောကကိုပိုပြီး ဦးစားပေးခဲ့ကြတာ ဖြစ်နိင်ပါတယ်။ ဒီလို relationship Update နောက်ကိုလိုက်ပြီး ချစ်သူကို ဂရုစိုက်တဲ့ post တွေရှယ်တာကို လျော့နည်းသွားတာကတော့ ဆိုးရွားတဲ့အရာ တစ်ခုတော့မဟုတ်ပါဘူး။ ဒီလိုမျိုး userတွေရဲ့ အချက်အလက်တွေကို ဆုံးဖြတ်နိင်ဖို့အတွက် positive emotion တွေဖြစ်တဲ့ Love,nice, Happy / အနုတ်လက္ခဏာဆောင်တဲ့ hate, hurt , bad စတဲ့ Feeling tools တွေကို ထည့်ပေးပြီး ကြည့်ရူခဲ့တာ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )