Facebook ပေါ်မှာ မတင်သင့်တဲ့ ကိုယ်ပိုင် status များ

ပို့စ်တင်ချိန် - 2/20/2014 07:08:00 PM



ကျတော်တို့ အားလုံး facebook ကိုစတင်အသုံးပြုတဲ့ အချိန်ကနေစပြီး ကိုယ်စီကိုယ်စီမှ ရှိကြတဲ့ Timlineတွေ၊ wall တွေပေါ်မှာ Status လေးတွေ တင် တက်ကြပါတယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ ဆွေမျိုးတွေကို ကိုယ်ရဲ့ ခံစားချက်တွေ၊ ဆန္ဒတွေ အစရှိတဲ့ စိတ်ခံစားမူတွေ ကို ဝေမျှအားပေးမူလိုချင်လို့ပဲ ဖြစ်ဖြစ်ပေါ့။ တစ်ချို့တွေက အလုပ်နဲ့ဆိုင်တဲ့ status လေးတွေ တင်တတ်ကြသလို့ အချို့တွေကလည်း ကိုယ် နေ့စဉ် ဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကိစ္စလေးတွေ ကို တင်ပါတယ်။ ဒီလိုတင်တဲ့နေရာမှာ ကိုယ်တင်လိုက်တဲ့ ပို့စ်တစ်ခုဟာ ကိုယ်စီမှာ ရှိနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေ အတွက် ဘယ်လို အဓိပ္ပာယ်သက်ရောက်သွားသလဲဆိုတာကို သတိထားဖို့လိုတဲ့အပြင် ကိုယ်ရဲ့ သိက္ခာ အတွက်လည်း ထည့်ပြီး စဉ်းစားရဖို့ ရှိပါတယ်။ ကျတော်တို့ဟာ လူသားများဖြစ်ကြသည့်အလျောက် စိတ်ဆိုးခြင်း၊ ၀မ်းသာခြင်း အစရှိတဲ့ ပျော်ရွှင်ဝမ်းနည်းဝမ်းသာ စတဲ့ ဖြစ်ရပ်တွေရှိနိင်သကဲ့သို့ ထိုအရာများကို ဖေ့ဘုတ်ပေါ်တွင် မတင်ပါနဲ့ဟုဆိုလိုချင်မဟုတ်ရပါ။

ကိုယ်ဟာ အများနဲ့ ဆက်ဆံနေရတဲ့ အနုပညာရှင်တစ်ယောက်၊ အတတ်ပညာရှင်တစ်ယောက်ဆိုရင် ပိုလိုတောင်မှ ဂရုပြုသင့်ပါတယ်။ ကိုယ်ရဲ့ စာသားတွေ တစ်ချို့သော ခံစားချက်တွေက သူတစ်ပါးက ကိုယ်အပေါ်ထားရှိတဲ့ Impression ကို Down စေလို့ ဖြစ်ပါတယ်။ ဒီအရာ မရှိတော့ရင်တော့ ကျတော်တို့ ဘယ်မှာမှ အထင်ကြီးလေးစားနိင်ဖို့ မရှိလာနိင်တော့ပါဘူး။ လူတစ်ယောက်ရဲ့ အမူအကျင့်တွေကို သူဖေ့ဘုတ်ပေါ်မှာ တင်ထားတဲ့ Status အချို့က တွေ့မြင်စေနိင်လို့ပါပဲ။ အချို့သော ကိုယ်ရေးလိုက်တဲ့ status တွေဟာ ကိုယ်သူငယ်ချင်းတွေကို ကိုယ်မသိလိုက်တဲ့ အချိန်မှာ ပဲ အမြင်ကတ်စေပြီး nagative respones တွေကို comment တွေမှာ ပေးလာနိင်စေပါတယ်။ ကိုယ်က အားငယ်နေတဲ့အချိန်၊ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ သယ်ရင်းတွေဆီက အားယူတာက ပြသနာမဟုတ်ပါဘူး၊ တစ်ချို့ ကျန်သော မသိလိုက်တဲ့ status တွေဟာ ကိုယ်ရဲ့ သယ်ရင်းတွေရဲ့ ခင်မင်မူတွေဆီက ဝေးကွာစေပါတယ်။ ဒီလိုမဖြစ်ရအောင် သိထားသင့်တဲ့ အချက်တွေက သတ်သတ်ရှိနေပါတယ်။ မသိသေးတဲ့အချိန်မှာ မှားတာက အပြစ်မရှိပါဘူး။ ဒါကြောင့် အခုလိုဖေ့ဘုတ်မှာ မတင်သင့်တဲ့ Status တွေကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

- ကြွးတဲ့ Relationship Status ... " My bf is the beeeeest! It's not even our anniversary or my birthday ! He's just So sweet." ( with Sun flowers photo)

ဖေ့ဘုတ်သုံးတဲ့လူအများစုက အထီးကျန်လို့ သုံးတာများပါတယ်။ ဒီလိုအမြင်ကတ်စရာကောင်းတဲ့ status တွေဟာ သင့်အတွက် တုန့်ပြန်မူတွေ ဆိုးရွားသွားစေနိင်ပါတယ်။



- စိတ်ဝင်စားစရာကောင်းအောင် သူလိုငါလို status တွေတင်ခြင်း

" OMG such a busy day! Laundry,gym,grocery store (gonna try this receipe :http://smittenkitchen.com/blog/2006/10/ah-ah-ah-come-and -take-my-hand/ wish me luck) and I have a paper due tomorrow I totally forgot about. Someone get me a coffee IV please! LOL! "



- လိမ့်လုံးဆင်တဲ့ status တွေ ချိတ်ပေးတင်ပေးခြင်း " Bill Gates is giving away money!!! Share this and you'll get $5,000!" ဒါက Impression ကျစေပြီး သင့်ကို ငပေါလိုထင်စေပါတယ်။

- မလုပ်နိင်ဘဲ မဖြတ်နိင်ဘဲ status တစ်ခုကို ရူးပေါပေါ တင်ခြင်း

ဥပမာ facebook က စွဲတယ်။ မသုံးတော့ဘူး၊ တော်ပြီး ဘာဖြစ်တယ်ညာဖြစ်တဲ့ အဲဒီလို စကားလုံးတွေက ကိုယ်စိတ်ဟာ တကယ်တမ်းအဖြစ်မရှိဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်တမ်း ဖြတ်ချင်တယ်ဆိုရင်ဖြင့် ယခုလိုစကားလုံးတောင်ရေးစရာ လိုလောက်မှာ မဟုတ်ပါဘူး။

- သူငယ်ချင်း မိတ်ဆွေတွေ အဖြစ်မှ နှုတ်ပယ်မည့်။ ဒီအတိုင်းပဲထားမည့် ထိုကဲ့သို့စကားလုံးများပါရှိပြီး အလောင်းအစားလုပ်တဲ့ status တင်ခြင်း - ပျင်းတယ်ဆိုတဲ့ status တွေအပြင် မသေချာ နားမလည်စေနိင်တဲ့ status များတင်ခြင်း စသည့်တို့ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )