အာရှတွင် Facebook အသုံးပြုသူဦးရေ အလွန်အမင်း မြင့်တက်လာ

ပို့စ်တင်ချိန် - 2/03/2014 02:21:00 PM


Facebook ကအသစ် ထုတ်ပြန်သည့် အစီရင်ခံစာအရ အာရှတစ်ဝန်းမှ ၎င်းတို့၏ လူမှုကွန်ရက်ကို လစဉ်အသုံးပြုသူဦးရေ ၃၆၈ သန်းအထိ ရှိလာကြောင်းသိရသည်။ Facebook သည် Line ESifh WeChat ကဲ့သို့သော full-featured messaging app များနှင့်အပြင်း အထန်ယှဉ်ပြိုင် နေရသော်လည်း အာရှရှိ Facebook အသုံးပြုသူဦးရေ မှာ၂၀၁၃ ခုနှစ် စတုတ္ထသုံးလပတ်တွင် အလွန်အမင်းမြင့်တက်လာခဲ့ကြောင်း သိရသည်။ အာရှမှ Facebook ကိုလစဉ်သုံးစွဲသူဦးရေသည် ၂၀၁၂ ခုနှစ်အကုန်တွင် ၂၉၈ သန်းသာရှိခဲ့သည်။

အာရှနိုင်ငံများမှ နာမည်ကျော် လူမှုကွန်ရက်၏ ဝင်ငွေသည် ဥရောပ၊ မြောက်အမေရိကတို့နှင့် နှိုင်းယှဉ်လျှင် နည်းပါးလျက်ရှိသော်လည်း ၂၀၁၃ ခုနှစ် တတိယသုံးလပတ်မှ စတုတ္ထသုံးလပတ်အထိ သိသိသာသာ မြင့်တက်ခဲ့ကြောင်း၊ ပမာဏအနေဖြင့် ၂၇၈ သန်းမှ ၃၄၀ သန်းအထိရှိခဲ့ကြောင်း သိရသည်။

အာရှရှိ Facebook သုံးစွဲသူ တစ်ဦးထံမှရရှိသည့် ပျှမ်းမျှဝင်ငွေသည် အမေရိကန်ဒေါ်လာ ၀.၉၅ ဖြစ်ပြီး ၎င်းအနက် ၀.၈၈ ဒေါ်လာကိုကြော်ငြာမှ ရရှိခြင်းဖြစ်ကာ ၀.၀၆ ဒေါ်လာမှာ Facebook ပေါ်တွင် အရောင်းအဝယ် ပြုလုပ်ခြင်းမှ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

-နောင်နောင်
Ref: TechInAsia
Internet Journal