Flight medicine အမြင့်ပျံ ကျန်းမာရေး

ပို့စ်တင်ချိန် - 2/16/2014 09:54:00 PM



မေးခွန်း (ဘာသာပြန်)
ဒေါက်တာရှင့် ကျမက မြန်မာ့လေကြောင်းရဲတပ်ဖွဲ့က အရာရှိတဦးပါ။ တနေ့မှာ အနည်းဆုံး ၁၂ နာရီ လေယာဉ်နဲ့ လိုက်ပါနေရပါတယ်။ ဆေးစစ်ရတာမျိုးလဲ မရှိပါ။ ကျမသိချင်တာက ကမ္ဘာမြေဆွဲအားဆန့်ကျင်ပြီး သွားရသူတွေအတွက် လုပ်သင့်တာတွေနဲ့ မလုပ်သင့်တာတွေကိုပါ။ ကျမတို့မှာ အဲလိုသာပျံသန်းနေရပေမဲ့ ကျန်းမာရေး ထောက်ကူမှုဆိုတာ ဘာမှမရှိပါရှင့်။

• (Aviation medicine) (Aerospace medicine) လေကြောင်းဆေးပညာဆိုတာ ရှိတယ်။
• လေယာဉ်ခရီးမှာ Aircrews လေယာဉ်အမှုထမ်းတွေက ကျန်းမာရေး ထိခိုက်တာကို အခံရဆုံးဖြစ်တယ်။ မေးတဲ့သူလို တာဝန်အရလိုက်နေရသူတွေလဲ အတူတူပါဘဲ။
• Atmospheric physics လေကြောင်းရူပဗေဒအရ လေယာဉ်မှာ လိုက်ပါသူ ဘယ်သူမဆိုဟာ အမြင့် 9100–18,300 m (30,000–40,000 ft) ရောက်တာနဲ့ အပူချိန်ကျလာမယ်။ 2°C (3.6°F) per 305 m (1000 ft) နှုန်းနဲ့ကျတယ်။ မြေပြင်အပူချိန်ဟာ 16°C (60°F) ရှိချိန်မှာ လေယာဉ်က အမြင့် 10,700 m (35,000 ft) ရောက်ရင် −57°C (−70°F) သာရှိမယ်။
• Pressure ဖိအားနဲ့ Humidity စိုထိုင်းမှုလဲပြောင်းလာတယ်။ Radiation ဓါတ်ရောင်ခြည်၊ Vibration တုန်ခါမှု နဲ့ Acceleration forces (G forces) အရှိန်အားတွေရဲ့ဒဏ်တွေကိုပါ ရင်ဆိုင်ကြရတယ်။
• Aircraft life support systems လေယာဉ်အသက်ကယ် ထောက်ပို့စနစ်ကနေ Oxygen အောက်စီဂျင်၊ Heat အပူနဲ့ Pressurization ဖိအားတွေလုပ်ပေးပါတယ်။
• အဆင့်မြင့်လေယာဉ်တွေကနေတော့ G-suits ပေးပြီး အရှိန်နဲ့ ဖိအားသုံး အသက်ရှူစနစ်ကို လုပ်ပေးတာရှိတယ်။
• လေယာဉ်ထဲက Cabin pressure ဖိအားဟာ Atmospheric pressure ပတ်ဝန်းကျင်ဖိအားနဲ့ အတူမဟုတ်ပါ။ သက်တောင့်သက်သာရှိစေအောင် တမင်ဖန်တီးပေးထားပါတယ်။ ဖိအားသက်ရောက်မှုကြောင့် ရေပုလင်းတွေကို ကြည့်ရင် ရှုံ့သွားတာတွေ့ရပါမယ်။
• အမျိုးသမီးတွေမှာ ဒီလို ဖိအားအပြောင်းအလဲများပေမဲ့ မျိုးပွါးနိုင်စွမ်းမှာ သက်ရောက်မှုမရှိတာ တွေ့ရပါတယ်။ အားမနာတမ်း ပြောပါရစေ။ တာရှည် (၂ဝ-၂၅ နှစ်) တာဝန်ထမ်းရသူအမျိုးသမီးတွေမှာ ဗဂျိုင်းနား ကြွက်သားတွေဟာ ပျော့တွဲမှုဖြစ်စေပါတယ်။ ဖြစ်လာရင်လဲ သက်သာအောင် Vagina-muscle toning လေ့ကျင့်ခန်းနဲ့ ကောင်းနိုင်ပါတယ်။
• နောက်ပြဿနာတခုက ခြေထောက်မှာဖြစ်တယ်။ လေထဲကနေ ပြန်ဆင်းလာလာချင်း ရေနွေးနဲ့ ရေမချိုးပါနဲ့။ ခြေထောက်ပိုင်းကို ကိုယ့်နှလုံးအထက်မှာထားပြီး နားနေလိုက်ပါ။
• Air-conditioned (အဲယားကွန်း) မှာကြာခဲ့လို့ Over-drying of skin အရေပြားတွေပိုခြောက်သွေ့နေမယ်။ လှချင်သူတွေအတွက် မျက်နှာက ပိုပြီး အိုစာစေတယ်။ Moisturize စနစ်နတကျသုံးပါ
• ခြောက်လို့ အနေရခက်လာရင် လေယာဉ်ထဲမှာဘဲ Mineral water mist ကို Full make-up ပေါ်မှာလိမ်းပါ။
• လေထဲမှာ မြင့်မြင့်ပျံသန်းရတဲ့ အမျိုးသမီးတွေက ကိုယ်ဝန်ရဘို့ ပိုလွယ်တာလဲ သိလာရတယ်။ ရောဂါရတာလဲ နည်းသေးပါသတဲ့။
• အကြံပြုချက် (၅) ချက်
(၁) လတ်ဆပ်တဲ့အစားအသောက် တတ်နိုင်သလောက်သယ်လာပါ။
(၂) ရေသောက်မနည်းပါစေနဲ့။
(၃) လက်ကို မကြာမကြာ ဆေးကြောပါ။
(၄) အအေးမိနေတုံး လေယာဉ်ခရီးသွားတာ ရှောင်ပါ။
(၅) လေယာဉ်းစီးနေစဉ်မှာ (အက်တစ်) ဖြစ်နေပါ။

ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၄