Flipboard ကဲ့သို့သော Paper reader app ကို Facebook မိတ်ဆက်

ပို့စ်တင်ချိန် - 2/03/2014 02:28:00 PM


နာမည်ကျော် လူမှုကွန်ရက်ဖြစ်သည့် Facebook သည်မိုဘိုင်းအပေါ် ပိုမိုအာရုံစိုက်သည့်အနေဖြင့် Flipboard ကဲ့သို့သော reader app တစ်ခုကိုမိတ်ဆက်ပေးခဲ့သည်။

Paper ကို News Feed နှင့်ချိတ်ဆက်ထားသည့်အတွက် သက်ဆိုင်ရာအကြောင်းအရာ အားလုံးကိုအဆိုပါ app ပေါ်တွင်မြင်တွေ့ရမည် ဖြစ်သည်။ ၎င်းကိုဖေဖော်ဝါ ရီ ၃ ရက်တွင်အမေရိကန်၌ စတင် အသုံးပြုနိုင်မည်ဟု သိရသည်။

Paper သည်မိုဘိုင်းလောက အတွင်းသို့ဝင်ရောက် လာသည့် Facebook ၏နောက်ဆုံးပေါ်ခြေလှမ်း တစ်ရပ်ဖြစ်သည်။ လက်ရှိတွင် Facebook သည် Facebook app, Instagram နှင့် Messenger app တို့ကိုဖြန့်ချိထားပြီး ကုမ္ပဏီအနေဖြင့်လည်း standalone mobile app များထုတ်လုပ်ရန် ကြိုးပမ်းနေကြောင်း အမှုဆောင်အရာရှိချုပ် Mark Zucerberg ကပြောကြားခဲ့သည်။

Flipboard နှင့်ဆင်တူသည့် Paper တွင်အကြောင်းအရာများကို လက်မဖြင့်အသုံးပြုကာ ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင်ဖုန်းကို စောင်းကာ panorama ဓာတ်ပုံများကို မြင်ကွင်းပြည့် ကြည့်ရှုနိုင် မည်ဖြစ်သည်။ Full-screen autoplay ဗီဒီယိုများကို ကြည့်ရှုနိုင်ပြီး ဆွဲဆောင်မှုရှိသည့် full-screen cover များဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။

Facebook သုံးစွဲသူများသည် Paper app ဖြင့်ကိုယ်ပိုင် Post များဖန်တီးနိုင်ပြီး ၎င်းတို့ကိုဝေမျှမှု မပြုလုပ်ခင် preview ကြည့်ရှုနိုင်မည် ဖြစ်သည်။

Facebook ကုမ္ပဏီ၏ အဆိုအရ Paper သည်ဖုန်းအတွက် app အသစ်များဖန်တီးရန် တည်ထောင်ထားသည့် Facebook Creative Labs ၏ပထမဦးဆုံး ထုတ်ကုန်ဖြစ်ကြောင်း သိရသည်။

-နောင်နောင်
Ref: CNET
Internet Journal