တချိန်ကအစိုးရအထောက်အပံ့ Food Stamp ယူခဲ့ရတဲ့ သန်းကြွယ်သူဌေးတစ်ယောက်အကြောင်း

ပို့စ်တင်ချိန် - 2/21/2014 02:13:00 AM


 Brian Acton, Jan Koum and Sequouia Capital’s Jim Goetz တို့ ကိုအရောင်းအ၀ယ်စာချုပ်ချုပ်ဆိုအပြီး Food Stamp ရှေ့ တွင်တွေ့ ရစဉ်။

မနေ့ ကဖြစ်သွားခဲ့တဲ့ကမ္ဘာ့နာမည်ကြီးအရောင်းအ၀ယ်တစ်ခုမှာ ဘီလီယံနာဖြစ်သွားတဲ့ယူကရိန်းနိုင်ငံ သားတစ်ယောက်အကြောင်းပါ။
အားလုံးလဲသိပြီးသားဖြစ်မှာပါ whatsup လို့ ခေါ်တဲ့ မက်စေ့ခ်ျပို့ ရတဲ့ဆော့ဝဲကို ယူကရိန်းနိုင်ငံသား ပိုင်ရှင်နဲ့သူ့ သူငယ်ချင်းတို့ ဆီကနေ ဖေ့ဘွတ်က ဒေါ်လာ ၁၉ ဘီလီယံနဲ့ဝယ်လိုက်တဲ့သတင်း ပါ။ နိုင်ငံခြား မှာဒါမျိုးရောင်းတာဝယ်တာတွေကရိုးနေတဲ့သတင်းတစ်ပုဒ်ပါ ဒါပေမယ့်ပြောချင်တာက လူတွေမသိကြတဲ့ အဲဒီဆော့ဝဲကိုစပြီးထူထောင်ခဲ့တဲ့ ယူကရိန်းနိုင်ငံသား Jan Koum ရဲ့ အကြောင်းပါ။ သူဟာ ယူကရိန်းနိုင် ငံ ရဲ့ ကျေးလက်အသိုင်းအ၀ိုင်းမှာကြီးပြင်းလာပြီး (အရမ်းအေးတဲ့နေရာမှာ)လျှပ်စစ်မီး မရှိ၊ ရေပူမရှိတဲ့အိမ်မျိုး မှာနေထိုင်ခဲ့ရတာပါ။သူ ဆယ့်ခြောက်နှစ်သားမှာ သူ့ မိသားစုကနိုင်ငံခြားကိုပြောင်းတော့မယ်ဆိုတော့ သူ့ အမေက ဟိုရောက်ရင်ပိုက်ဆံချွေတာအောင် သူတို့ ရဲ့ ခရီးဆောင်အိတ်တွေ ထဲမှာ ကျောင်း အတွက်လိုအပ်မယ့်အသုံးပစ္စည်းတွေထည့်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ကယ်လဖိုးနီး ယားမှာအခြေချနေထိုင်ခဲ့ပြီး ရောက်ခါစမှာ သူနဲ့ သူ့ အမေဟာ ၀င်ငွေနည်း(ဆင်းရဲ)တဲ့သူတွေအတွက် အစိုးရကထောက်ပံ့တဲ့ အစားအသောက်အကူအညီ food stamp ကိုမှီခိုခဲ့ရပါတယ်။

ငယ်ရွယ်တဲ့နိုင်ငံခြားကပြောင်းရွှေ့ လာသူတစ်ယောက်အဖြစ်သူရဲ့ နွမ်းပါးခဲ့တဲ့ဘ၀ကို ပြန်သတိရတဲ့အနေနဲ့  တစ်ချိန်က သူအစိုးရဆီကအထောက်အပံ့သွားတန်းစီ လျှောက်စားခဲ့တဲ့ Mountain View က လူမူဖူလုံရေး အဆောက်အဦမှာ သူအခုရောင်းလိုက်တဲ့အရောင်းအ၀ယ်ကို စာချုပ်လက်မှတ်ထိုးဖို့ ရွေးချယ်ခဲ့ပါတယ်။ သူဟာ သူ့ သူငယ်ချင်း Brain Acton နဲ့ အတူ ၂၀၀၉ ခုနှစ်မှာ whatsup ဆိုတဲ့ဆော့ဝဲကိုစတင်ထူထောင် ခဲ့ပါတယ်။ လက်ရှိအနေနဲ့ သူ့ ရဲ့ ဆော့ဝဲကိုသုံးစွဲနေတဲ့ သူပေါင်း ၄၅၀ မီလီယံရှိနေပြီး သူတို့ ရုံးချုပ် ကစောစောက အရောင်းအ၀ယ်လုပ်ခဲ့တဲ့ အစိုးရလူမူဖူလှုံရေးရုံးနဲ့ မနီးမဝေးမှာပဲရှိတာပါ။အရောင်းအ၀ယ်စာချုပ်လက်မှတ်ထိုးတဲ့တစ်နေ့ ပဲသူ့ ရဲ့ ဇိမ်ခံ Prosche အမျိုးအစားပြိုင်ကားကိုစီးပြီးရောက်လာခဲ့ပါတယ်။ သူဟာ တစ်ကို်ယ်ကောင်းဆန်တဲ့အလုပ်ကိုမလုပ်ပဲ အလုပ်ကြိုးစား လုပ်ပြီး နှိမ့်ချနေ တတ်သူတစ်ယောက်ဖြစ်ပြီး သူ့ တို့ ရဲ့ ရုံးချုပ်မှာဆိုင်းဘုတ်တောင်မရှိရှာပါဘူး။အဲဒီလိုဆိုင်းဘုတ်မရှိ တာနဲ့ ပါတ် သတ်ပြီးတော့လည်း အဲဒီလိုဆိုင်းဘုတ်ထားတာဟာ ကိုယ့်ကိုကိုယ် ထင်ပေါ်အောင် မြှောက်ပေး တယ်ထင်လို့ မထားတာပါ ကျနောတို့ ဘယ်မှာအလုပ်လုပ်လုပ်လဲဆိုတာအား လုံးသိပါတယ်လို့ နာမည်ကျော် Forbes မဂ္ဂဇင်းကိုပြောပြခဲ့ပါတယ်။

JanKoumနဲ့ သူ့ သူငယ်ချင်းဟာသူတို့ ဆော့ဝဲကို ကော်ဖီဆိုင်တွေနဲ့ သူတို့ အိမ်မှာပဲအစပျိုးတည်ထောင်ခဲ့ပါတယ်။ သူတို့ ဆော့ဝဲကငွေဘီလီယံပေါင်းများစွာတန်အောင်လို့ တော့ နှစ်နည်းနည်းအချိန်ရင်းနှီးခဲ့ရပါတယ်။ ဖေ့ဘွတ်က သူတို့ ကို ဒေါ်လာ ၁၂ ဘီလီယံကို စတော့ရှယ်ယာနဲ့ ပေးပြီးတော့ ကျန်တဲ့ ၄ ဘီလီ ယံကိုတော့ ငွေသားနဲ့ ပေးခဲ့ပါတယ်၊ ပြီးတော့ တည်ထောင်သူနဲ့ ဝန်ထမ်းတွေကိုတော့ ဒေါ်လာ ၃ ဘီလီယံ စာရှိတဲ့ စတော့ကိုအကျိုးခံစားခွင့်အနေနဲ့ နောက်ထပ်လေးနှစ်အတွင်းမှာပေးအပ်ဦးမှာဖြစ်ပါတယ်။ ဆယ့်ခြောက်နှစ်သားကနေတစ်ခြားနိုင်ငံကနေ ဆင်းဆင်းရဲရဲ နဲ့ ပြောင်းရွေ့ လာပြီး ငါးနှစ်စာလုပ်ငန်း သက်တန်းမှာ ဒေါ်လာ ၁၉ ဘီလီယံလောက်ချမ်းသာသွားတဲ့ ယူကရိန်းနိုင်ငံသားလိုပဲ အခုအချိန်မှာနယ်စပ် ဒုက္ခသည်စခန်းတွေကနေပြောင်းရွှေ့ လာတဲ့ထောင်ပေါင်းများစွာသော မိသားစုတွေကနေပါလာတဲ့ ကလေးတွေလည်း ဒီဥပမာလေးအတိုင်းတစ်နေ့ မြင်တွေ့ လာရတော့မှာပါ။
Credit : Aung Kaung Myat