ကိုရီးယားဖက်ရှင်ရှေ့ဆောင် G-Dragon တစ်ယောက် စကတ်နဲ့လည်း rock နိုင်တာပဲ

ပို့စ်တင်ချိန် - 2/05/2014 11:44:00 AM




          ကိုရီးယား Brand တစ်ခုဖြစ်တဲ့ J.Estina ဟာ Big Bang ရဲ့ G-Dragon ကို မော်ဒယ်အသစ်အဖြစ် ငှားရမ်းလိုက်ပါတယ်။ ဒီအတွက် G-Dragon ၀တ်ဆင်ခဲ့တာကတော့ စကတ်တစ်ထည်ဖြစ်ပေမယ့် ဖက်ရှင် အိုင်ကွန်ဆိုတဲ့အတိုင်း ဒါလည်း ဖက်ရှင်ကျနေဆဲပါပဲ။

ဒီလိုဝတ်ရဲဖို့ဆိုတာလည်း G-Dragon မှဖြစ်မှာပဲ။ ဓါတ်ပုံထဲမှာ သူဟာ မြင်းကျားအဆင် ကျောပိုးအိတ် တလုံးနဲ့ သားရေအနက်ရောင် ဘောင်းဘီအပေါ်ကနေပြီး စကတ်ကိုထပ်ဝတ်ထားပါတယ်။ သာမန်အားဖြင့် အမျိုးသမီးတွေသာ ၀တ်လေ့ရှိပေမယ့် သူ့ဖက်ရှင်ဟာ ယောက်ျားမိန်းမ မကွဲပြားဘဲ တစ်မျိုးတော့လည်း ကြည့်ကောင်းပြန်ပါတယ်။
2014 Paris Fashion Week တက်အပြီးမှာကတည်းက G-Dragon တစ်ယောက် ကိုရီးယားရဲ့ ဖက်ရှင်ကို မျက်နှာမငယ်အောင် ချပြနိုင်ခဲ့ပါတယ်။ ဖက်ရှင်ထုတ်ကုန် စက်ရုံတွေအနေနဲ့ အခြားသော အာရှ ဖက်ရှင်ဈေးကွက်တွေကို ငြီးငွေ့နေချိန်မှာ ကိုရီးယားကတော့ စတိုင်နဲ့ပတ်သက်ပြီး အလားအလာရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ယူဆထားခဲ့ ကြပါတယ်။

Ref:kpopstarz.com
Trend Myanmar