လိင်အမျိုးအစားပေါင်း ၅၀ ကျော်ပါဝင်သည့် Gender Option သစ်ကို Facebook တွင် မြင်တွေ့ရတော့မည်

ပို့စ်တင်ချိန် - 2/15/2014 07:35:00 PM


Facebook မှ အသစ်အဆန်းများကို ဆက်တိုက်ဆိုသလို မိတ်ဆက်ပေး လျှက်ရှိရာ ယခုအခါတွင် လိင်အမျိုးအစားပေါင်း ၅၀ ကျော်ပါဝင်သော Gender Option သစ်ကို Facebook တွင်အသုံးပြုနိုင်တော့ မည်ဖြစ်
ကြောင်း ကြေညာခဲ့သည်။ ယခင်က Gender Option တွင် Male နှင့် Female သာ ရွေးချယ်နိုင်ခဲ့ရာမှ ယခုအခါ လိင်အမျိုးအစားပေါင်း ၅၀ ကျော်ထဲမှ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ Gender Option တွင် မိန်းကလေး၊ ယောကျာ်လေးအပြင် ဖိုမအင်္ဂါနှစ်မျိုးစလုံးပါသူ၊ ဖိုမအင်္ဂါနှစ်မျိုးလုံးမပါသူ၊ မျိုးပွားအင်္ဂါသာမန် မဟုတ်သူ၊ ဆန့်ကျင်ဘက်လိင်ကိုကူးပြောင်းထားသူ စသည်ဖြင့်
ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ ဒီလိုလိင်အမျိုးအစား ကွဲပြားတဲ့သူတွေအများကြီးရှိနေပါတယ်။ တစ်ချို့
တွေက သူတို့ကို ဆေးဖော်ကြောဖက် မလုပ်ကြဘူး။ ဒီလို Gender ပုံစံကို ဖော်ပြပေးခြင်းအားဖြင့် မိမိနဲ့ခံစားချက်တူညီတဲ့သူ အချင်းချင်း
တွေ့ဆုံနိုင်ဖို့ ရည်ရွယ်ပါတယ်” Facebook ၏ Software Engineer Brielle Harrison မှ ပြောကြားသွားခဲ့သည်။ Brielle Harrison သူမကိုယ်တိုင်လည်း Female မှ Male သို့ကူးပြောင်းရန်ကြိုးစားလျှက်ရှိသည် ဟုဆိုသည်။

လက်ရှိတွင် Facebook အသုံးပြုသူမှာ တစ်ကမ္ဘာလုံးအတိုင်းအတာထိ ၁.၂၃ ဘီလီယံရှိပြီး အများစုမှာ၎င်းတို့ရဲ့ လိင်အမျိုးအစားကို Private အဖြစ်ထိန်းသိမ်းလျှက်ရှိကြောင်း သိရှိရသည်။

Ref: The Washington Post
---------------------------------------
May Thazin (TSJ Team)
TechSpace Journal