Google မှ အင်တာနက်ကွန်နက်ရှင်မြန်နှုန်း 10Gbps အထိရရှိရန် ဆောင်ရွက်နေ

ပို့စ်တင်ချိန် - 2/15/2014 07:34:00 PM


အွန်လိုင်းမှတစ်ဆင့် အချက်အလက်ပေးပို့မှုများ မြန်ဆန်သွက်လက်စေဖို့ US သာမန်အင်တာနက် ကွန်နက်ရှင်မြန်နှုန်းထက် အဆတစ်ထောင် ပိုမိုမြန်ဆန် သည့် အင်တာနက်မြန်နှုန်း ရရှိစေရန် Google မှ စီစဉ်လျှက်ရှိကြောင်း သတင်းများထွက်ပေါ် လျှက်ရှိသည်။ လက်ရှိအမေရိကတွင် အင်တာနက်
မြန်နှုန်းကို 7.2Mbps နဲ့သာ အသုံးပြုလျှက်ရှိသည့်အတွက် ယခုကဲ့သို့ 10Gbps အထိ မြန်နှုန်းမြှင့်လိုက်မည်ဆိုပါက ပုံမှန်ထက် အဆပေါင်း တစ်ထောင် ပိုမိုလျှင်မြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မြန်နှုန်းကို အနာဂတ်ရဲ့အင်တာနက်မြန်နှုန်းဖြစ်စေရန် Google မှ ဦးတည်ဆောင်ရွက်လျှက်ရှိပြီး အွန်လိုင်း အချက် အလက် ရွှေ့ပြောင်းမှုစနစ် လျှင်မြန်သွက်လက်စေရန် အဓိကထားဆောင်ရွက်လျှက်ရှိကြောင်း Goldman Sachs Technology and Internet conference အတွင်း Google CFO Chief Patrick Pichette မှ ပြောကြားသွားခဲ့သည်။

ယနေ့ခေတ်တွင် နိုင်ငံအချို့တွင်သာ 1Gbps သို့မဟုတ် 100Mbps အသုံးပြုကြကြောင်း၊ အဆိုပါမြန်နှုန်းနှင့်ပင် Audio, Video များကို Streaming ကြည့်ကြကြောင်း၊ Cloud Storage, Video Chats, Software Updates နဲ့ Multiplayer Game များကို အသုံးပြုကြကြောင်း သိရှိရသည်။

Resolution မြင့်တဲ့ 4K Video တွေ ကြည့်ရှုနိုင်ဖို့ ကွန်နက်ရှင်မြန်နှုန်းကို ဆွဲဆန့်ဖို့လိုအပ်သည်ဟုသည်။ ယခုနှစ်အတွင်း 4K နည်းပညာများ ပိုမိုခေတ် စားလာလျှက်ရှိရာ အဆိုပါ 4K နည်းပညာများအတွက် 15Mbps မြန်နှုန်းရှိဖို့ လိုအပ်သည်ဟု ဆိုသည်။ အဆိုပါ မြန်နှုန်းသည် ယခုလက်ရှိကြည့်ရှုနိုင် သည့် Super HD နည်းပညာထက် ၂ ဆပိုမို မြန်နှုန်းမြင့်ကြောင်း သိရှိရ သည်။

ဒီလိုအင်တာနက်မြန်နှုန်းကို ဆွဲဆန့်ဖို့ကြိုးစားနေသူမှာ Google တစ်ခုတည်း သာ မဟုတ်ဘဲ UK လေ့လာသူများကလည်း မီးအလင်းရောင်မှ တစ်ဆင့် 10Gbs မြန်နှုန်းထုတ်လုပ်ပေးနိုင်သည့် နည်းပညာကို ပြီးခဲ့သည့်နှစ်က မိတ်ဆက်ပေးခဲ့သည်။ Li-fi စနစ်ဟု အမည်ပေးထားသည့် အဆိုပါ နည်းပညာတွင် သေးငယ်သော LED မီးကို အသုံးပြုထားပြီး 3.5Gbps
မြန်နှုန်း ထုတ်ပေးနိုင်ခဲ့သည်။

Ref : Cnet
---------------------------------------
May Thazin (TSJ Team)