IPhone 6 တွင် 10 Megapixel ကင်မရာပါမည်

ပို့စ်တင်ချိန် - 2/06/2014 10:21:00 PM



iPhone 6 မှာ 10 Megapixel အရည်အသွေးရှိ ကင်မရာ ပါဝင်မှာ ဖြစ်ကြောင်း သိရ ပါတယ်။ aperture f/1.8 ပါဝင်ပြီး CMOS Censor အပြင် ကင်မရာကို အရည်အသွေးမြင့်တင်ပေးမယ့် အခြားသော Feature သစ်များစွာ ပါဝင်လာကြောင်း သိရ ပါတယ်။ အရင် iPhone 5S အထိ ကင်မရာက 8 Megapixel အထိပဲ ပါဝင်ပါတယ်။ iPhone 6 ကို ၄.၇ လက်မအရွယ်နဲ့ ထုတ်လုပ်ပြီး ဇွန်လမှ ဖြန့်ချိပါ မယ်။ ပြီးတော့ ၅.၇ လက်မ အရွယ်ကို စက်တင်ဘာလောက်မှာ ထုတ်လုပ်ဖြန့်ချိ မယ်ဆိုပြီးတော့ တရုတ်ပြည်ကနေ သတင်းထွက်ရှိ လာခြင်း ဖြစ်ပါတယ်။ လက်ရှိ ပုံမှာ ပြထားသလို သာ ဖြစ်မယ်ဆိုရင် iPhone က ဒီဇိုင်းအများကြီး ပြောင်းလဲသွားမှာတော့ အမှန်ပါပဲ။ ယနေ့အချိန်အထိ ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်းအဖြစ် စံချိန်တင်ထားနိုင်တာကိုလည်း iPhone 6 မှာ ဆက်ခံယူသွားဖွယ် ရှိပါတယ်။ iPhone 6 ကို လာမယ့် ဇွန်လမှာ မိတ်ဆက်ပြသ သွားနိုင်ဖွယ် ရှိကြောင်း သိရ ပါတယ်။

Aung Kham ( www.smart.com.mm )

Ref:Smart Pro Journal