ဒေသဖွံ့ဖြိုးမှ ငြိမ်းချမ်းရေး လက်မှတ်ထိုးမည်ဟု KNU/KNLA ပြော

ပို့စ်တင်ချိန် - 2/20/2014 09:01:00 PM


ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုရှိမှ အစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့ ဖြစ်နိုင်မယ်လို့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ထိပ်တန်းဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် တင်မိုသီက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ကရင်ပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ အစိုးရနဲ့ ငြိမ်းချမ်းရေးလိုချင်တယ်လို့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ထိပ်တန်းဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ် ဒေါက်တာ တင်မိုသီက ဒီကနေ့ နေ့လယ် ရန်ကုန်မြို့မှာ မီဒီယာတွေနဲ့ တွေ့ဆုံပြီး ပြောလိုက်တာပါ။

အခုတလော ရန်ကုန်နဲ့ နယ်မြို့တွေမှာဖြစ်နေတဲ့ ငြိမ်းချမ်းရေးကောင်စီအမည်ခံပြီး စီးပွားရေးရှာ နေတဲ့ သူတွေကို အရေးယူနိုင်အောင် အစိုးရတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ် လို့လည်း ဗိုလ်မှူးချုပ် ဒေါက်တာတင်မိုသီက ပြောပါတယ်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီဘက်က ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်ပြီး ဗဟိုကော်မတီဝင်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ မကြာခင်ရက်ပိုင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

DVB Burmese