မေလမှာ ထွက်ရှိမယ့် LG G3

ပို့စ်တင်ချိန် - 2/15/2014 04:53:00 PM


LG G2 တောင် ထွက်ရှိထားတာ မကြာသေးပဲ LG G3 စမတ်ဖုန်း လည်း ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

မျက်နှာပြင် ၅.၅ လက်မ အရွယ် ရှိပြီး 1440 x 2560 resolution ရှိပါတယ်။ ကင်မရာ 16 Megapixel ပါဝင်တယ်လို့ ဆိုပါတယ်။ Processor ကို Octa Core အသုံးပြုမှာ ဖြစ်တာကြောင့် 64 Bit processor ဖြစ်ပြီး
ကွန်ပြူတာ ကဲ့သို့ လုပ်ဆောင်ချက် မြန်ဆန်မယ့် စမတ်ဖုန်း တစ်လုံးပဲ ဖြစ်ပါတယ်။ RAM 2GB သို့မဟုတ် 3GB  ဖြစ်ပြီး ဘယ်ဟာ ဖြစ်မယ် ဆိုတာတော့ သေချာ မပြော ထားသေး ပါဘူး။ Samsung Galaxy S5 နဲ့ အပြိုင် ဖြစ်လာမယ့် စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။

လာမယ့် မေလမှာ ထွက်ရှိမှာ ဖြစ်ပြီး တောင်ကိုရီးယား LG ထုတ် LG G3 စမတ်ဖုန်း သတင်းကို အခြား မီဒီယာတို့က ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။
.
Ref: pocketlint
အောင်ခမ်း
International news for Myanmar