Mobile CE ဦးခင်မောင်ထွန်း အား ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက် ပေးပါရန်

ပို့စ်တင်ချိန် - 2/05/2014 10:15:00 AM



“သမ္မတကြီး နှင့် ဆက်သွယ်ရေးဝန်ကြီးခင်းဗျား”

       ဆက်သွယ်ရေး ၀န်ကြီးဌာနရှိ  အကျင့်ပျက်ခြစားဝန်ထမ်း ပျက်ကြီးတွေထဲမှ အံ့သြစရာကောင်းလောက်အောင် မပြုတ်သေးတဲ့ လူတစ်ယောက်ကျန်ရှိနေပါသေးတယ်။အဲဒီလူက ယခုလက်ရှိ Mobile CE  ဦးခင်မောင်ထွန်း ဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ် မန်နေဂျာ အဖြစ် တာဝန်ယူခဲ့စဉ် ကာလအတွင်းတွင် ကြိုးဖုန်း တယ်လီဖုန်း တစ်လုံးလျှင်   ငွေကျပ်း ၁၅ သိန်း၊ GSM မိုလ်ဘှိုင်းဖုန်း တစ်လုံးလျှင် ငွေကျပ် ၁၀ သိန်း လာဘ်ငွေပေးမှသာတပ်ဆင်ပေးပါသည်။ဆက်သွယ်ရေး ၀န်းကြီးရုံးမှ ချပေးသော ဖုန်းများကိုလည်း သူ့အား လာဘ်ငွေမပေးပါက တပ်ဆင်ပေးခြင်းမရှိပဲ ထုတ်မပေးပါ။ ရရှိသော လာဘ်ငွေများဖြင့် ညတိုင်း စင်တင် ကာရာအိုကေများ သွားပြီး ကောင်မလေးတွေကို ပန်းကုံးစွတ်ကာ သောက် စားပျော်ပါးနေခဲ့ပါသည်။
         ထို့အပြင် ဆက်သွယ်ရေးမှ အသုံးမလိုတော့သော တာဝါတိုင် သံဘောင် သံထည်များကို သူ့သဘောနဲ့သူ အထက်လူကြီးများကို အသိမပေးပဲ ရောင်းစားကာ ဌာနပိုင် ပစ္စည်းများကို အလွဲသုံးစားလုပ်ခဲ့ပါသည်။ထို့နောက် ဆက်သွယ်ရေး ပစ္စည်းဌာန တာဝန်ယူစဉ်အခါတွင် လည်း ဌာနခွဲများမှ တောင်းသော ပစ္စည်းများကို မပေးပဲ လက်အောက်ဝန်ထမ်းအချို့နှင့်ပေါင်းပြီး အပြင်ကို ရောင်းစားခဲ့ပါသည်။ ၀န်ထမ်းတိုက်ခန်းများကိုလည်း လာဘ်ငွေ ၅ သိန်းပေးမှသာ နေထိုင်ခွင့်ပေးပါသည်။ ဘယ်နေရာရောက်ရောက် လူမုန်းအလွန်များသော သူဖြစ်ပြီး ဘယ်ဝန်ထမ်းမျက်နှာမှ မထောက်ဘဲ သူ့အတွက် သူသာ ကြည့်သော တပို့ထဲ သမားကြီး ဖြစ်ပါသည်။
           ယခုလက်ရှိတွင်လည်း အပြင် Company များဖြစ်သော Elite, Asia Megalink,ZTE,Huawei  တို့နှင့်ပေါင်းပြီး လာဘ်ငွေများ ယူကာ လုပ်စားနေဆဲဖြစ်ပါသည်။ ဌာနထဲတွင်လည်း သူ့သြဇာခံ ၀န်ထမ်းများသာ နေရာကောင်း လုပ်ကွက်ကောင်းများရရှိပြီး ပေါင်းစားနေကြပါသည်။အရင်ပြုတ်သွားသော ဆက်သွယ်ရေးမှ MD နှင့်ပေါင်းကာ ညစ်နည်းမျိုးစုံဖြင့် လုပ်စားနေခဲ့ပြီး မပြုတ်ဘဲ ကျန်နေခဲ့သူဖြစ်ပါသည်။ဘယ်သူသေသေ ငတေမာပြီးရောဆိုပြီး သူ့လက်အောက်ဝန်ထမ်းအချို့နှင့် ပေါင်းစားနေသည့်အတွက် ကျန်သည့် ၀န်းထမ်းများအားလုံးက အလွန်ရွံရှာ မုန်းတီးနေကြပါသည်။
       သို့ပါ၍ သက်ဆိုင်ရာ အထက်လူကြီးများနေဖြင့် ယခုကဲ့သို့ အကျင့်စာရိတ္တပိုင်းမကောင်းသော၊ ဌာနပိုင် ပစ္စည်း အလွဲသုံးစားလုပ်ပြီး လက်အောက်ငယ်သား ၀န်းထမ်းများအပေါ်လူကြီးမဆန်သော လုပ်ရပ်များစွာဖြင့် လာဘ်ပေး လာဘ်ယူ ပြုလုပ်နေသော Mobile CE ဦးခင်မောင်ထွန်း အား ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက် ပေးပါရန် ထပ်မံ အသိပေး တင်ပြအပ်ပါသည်။

ဆက်သွယ်ရေး ၀န်ထမ်းတစ်ဦး
Myanmar CNN မှတင်ဆက်သည်။