အနီရောင် Nexus 5 ရရှိပြီ။

ပို့စ်တင်ချိန် - 2/05/2014 07:21:00 PM


ယခင် ထွက်ရှိခဲ့တဲ့ အဖြူရောင်နဲ့ အမည်းရောင် Nexus 5 ဖုန်းများထွက်ရှိပြီး သိပ်မကြာခင်မှာပဲ ယခုလို အနီရာင် Nexus 5 ဟာပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

အနီရောင်ထဲမှာမှ 16GB နဲ့ 32GB ကို ဈေးနှုန်းအားဖြင့် ဒေါ်လာ (၃၄၉) နဲ့ (၃၉၉) ဖြင့် Google Play တို့တွင် ၀ယ်ယူရရှိနိင်မှာပဲ ဖြစ်ပါတယ်။

အခြား Specs တွေနဲ့ မဟုတ်ဘဲ ယခင် Android OS, v4.4 (KitKat), ကင်မရာ 8 MP, 3264 x 2448 pixels တို့ဖြင့်သာ တူညီစွာ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲ သူကတော့ ကျတော်တို့ သိရှိပြီးတဲ့အတိုင်း LG ကုမ္ပဏီနဲ့ Google ကုမ္ပဏီတို့ရဲ့ ပူးပေါင်းထုတ်လုပ်မူ တစ်ခုဖြစ်တဲ့ အတွက် အားသာချက်များစွာကိုတွေ့ရမှာ
ဖြစ်ပါတယ်။

မျက်နှာပြင်အားဖြင့် ၅လက်မရှိပြီး True HD IPS+ capacitive touchscreen, 16M colors ရရှိကာ အလေးချိန် အားဖြင့် (၁၃၀ဂရမ်) ရှိတဲ့

Android စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Aung Heine ( Smart Pro Journal )