NLD ရုံးသစ်ဆောက်ရေး စင်္ကာပူရောက်ရွှေတို့ ကူညီကြမယ်

ပို့စ်တင်ချိန် - 2/23/2014 12:33:00 PM


ရန်ကုန်မြို့ NLD  ဌာနချုပ်ကို အထပ်မြင့်အဆောက်အအုံအဖြစ် ပြောင်းလဲပါတော့မယ်။
စင်္ကာပူရောက် မြန်မာပြည်သားအများအပြားက ဘဏ္ဍာရေးပိုင်းကို ကူညီဖို့ အစီအစဉ်ရှိနေပါတယ်။

သူတို့ရဲ့ အစီအစဉ်ကို အွန်လိုင်းမှာလည်း ကြော်ငြာထားတာ တွေ့ရမှာပါ။

"အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးသစ် ဆောက်လုပ်ရေး ထောက်ကူပြုအဖွဲ့စင်္ကာပူ" ဆိုပြီး facebook fan page ကိုလည်း စီစဉ်ထားပါတယ်။

အဲဒီစာမျက်နှာမှာ - ယခု လောလောဆယ် ကာလဟာ ဤစာမျက်နှာအား လူသိများစေရန် စတင် ဖိတ်ကြားနေသော ကာလဖြစ်ပြီး မကြာခင် အချိန်အတွင်း အဖွဲ့၏ ဆောင်ရွက်မှုများနှင့် သတင်း အချက်အလက်များကို စတင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း   လို့ ရေးထားပါတယ်။

ကြေညာချက်တစောင်ကိုလည်း အခုလို တွေ့ရပါတယ် -

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးသစ် ဆောက်လုပ်ရေး ထောက်ကူပြုအဖွဲ့ (စင်္ကာပူနိုင်ငံ)

ကြေညာချက် အမှတ် (၁)

(၁) NLD ဗဟို အဆောက်အဦကို အများပြည်သူတို့၏ ထည့်ဝင်ငွေဖြင့် အသစ် ပြန်လည် တည်ဆောက်မည့်အကြောင်း စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကျယ်ပြန့်စွာ သိရှိကြမည်ဟု ယုံကြည်သည့်အလျှောက် စေတနာရှင်များ အလွယ်တကူ ပါဝင် လှူဒါန်း နိုင်စေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် ဤအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။

(၂) ဤအဖွဲ့မှ စေတနာရှင်များ၏ လှူဒါန်းငွေများကို လက်ခံရယူပြီး၊ NLD ရုံးချုပ်သို့ ပေးပို့ကာ၊ NLD ရုံးချုပ်မှ အလှူရှင် တစ်ဦးချင်းစီအတွက် ထုတ်ပေးသော ဂုဏ်ပြုလက်မှတ် (ကျပ်တသိန်းနှင့်အထက်) နှင့် အလှူလက်ခံဖြတ်ပိုင်း (ကျပ်တသိန်းအောက်) များကို စင်ကာပူနိုင်ငံ၊ ပင်နင်ဆူးလား ပလာဇာရှိ သတ်မှတ်ထားသောဆိုင်တွင် လက်ခံရယူနိုင်ရန် စီစဉ်ပေးပါမည်။ ဆိုင်နာမည်အား ထပ်မံ ကြေညာပေးပါမည်။

(၃) အလှူရှင်များသည် ...

၁။ မိမိအမည်
၂။ မြန်မာနိုင်ငံသား စိစစ်ရေး ကတ်ပြားနံပါတ်
၃။ မြန်မာပြည် နေရပ်လိပ်စာ
၎။ ဖုန်းနံပါတ်

တို့ကို ဖော်ပြပေးရမည်။ ( မြန်မာနိုင်ငံ ပါတီ ဥပဒေအရ အလှူရှင်သည် နိုင်ငံခြားသား မဖြစ်ရပါ။)

(၄) စေတနာရှင်များထံမှ အောက်ပါ နည်းလမ်းများဖြင့် အလှူငွေကို ကောက်ခံရန် စီစဉ်ထားပါသည်။

(က) Account Transfer စနစ်ဖြင့် အောက်ပါ ဘဏ်အကောင့်တ်များသို့ ပေးပို့ခြင်း။

DBS Saving 017-9-103082
ဦးတင်မောင်ဝင်း ( Ph: 9757 7641 ) ၊ ကိုဝဏ္ဏစောသိန်း ( Ph: 9227 6490 )

OCBC Saving 558 820 130 001
ကိုစိုးထွန်း ( Ph: 9487 4413 ) ၊ မမေကျော်စိုးညွန့် ( ( Ph: 9721 3593 )

(ခ) အောက်ဖော်ပြပါ ပင်နင်ဆူးလားရှိ ဆိုင်များသို့ အချိန်မရွေး သွားရောက် လှူဒါန်းခြင်း

၁။ Yadanar Travel Pte Ltd # 01 – 25/A2
၂။ ကောင်းမွန် # 03- 54
၃။ ထပ်မံ ကြေညာပေးပါမည်။

(ဂ) သပြေနု၊ ပင်နင်ဆူးလား ပလာဇာတွင် အလှူလက်ခံ ဖြတ်ပိုင်းဖြင့် ကောက်ခံခြင်း။
နေ့လည် ၃ - နာရီမှ ညနေ ၇ - နာရီ ( စနေ၊ တနင်္ဂနွေ )

(ဃ) အဖွဲ့ဝင်များမှ အလှူလက်ခံ ဖြတ်ပိုင်းဖြင့် တစ်ဦးချင်း ကောက်ခံခြင်း။

(၅) အလှူငွေများကို ၁-ရက်၊ မတ်လ၊ ၂၀၁၄ မှ စတင် ကောက်ခံမည် ဖြစ်ပြီး သိရှိလိုသော အချက်အလက်များကို ဖုန်းမှ ဖြစ်စေ၊ ဤပေ့ခ်ျမှ ဖြစ်စေ စုံစမ်းနိုင်ပါသည်။ အတတ်နိုင်ဆုံး ၂၄-နာရီအတွင်း ပြန်လည် ဖြေကြားပေးသွားမည် ဖြစ်ပါသည်။

(၆) သမိုင်းဝင် အဆောက်အဦးကြီး ဖြစ်လာမည့် ဤရုံးချုပ်ဗဟို အဆောက်အဦသစ်ကို ပြည်သူ့ထောက်ကူမှုဖြင့် တည်ဆောက်ရေးတွင် တတပ်တအားပါဝင်ရန် စင်ကာပူနိုင်ငံရောက် မြန်မာတရပ်လုံးအား လေးစားစွာ နှိုးဆော်အပ်ပါသည်။

လေးစားခင်မင်စွာဖြင့်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးသစ် ဆောက်လုပ်ရေး ထောက်ကူပြုအဖွဲ့ (စင်္ကာပူနိုင်ငံ)

The Irrawaddy