Ooredoo မှ မြို့ကြီး သုံးမြို့ တွင် (၁၅၀၀) တန် ဆင်းမ်ကတ် များ စတင် ရောင်းချမည်

ပို့စ်တင်ချိန် - 2/01/2014 09:30:00 PM


လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ရရှိပြီး နောက် Ooredoo Myanmar မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ ကြီး သုံးမြို့ တွင် (၁၅၀၀) တန် ဆင်းမ်ကတ် များ စတင် ရောင်းချ သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ၏ CEO Mr. Ross Cormack က ပြောသည်။ ကျွန်တော် တို့ လုပ်ငန်း လုပ်ကိုင် ခွင့် လိုင်စင် ရရှိပြီး နောက် ပိုင်းမှာ အရင်ဆုံး မန္တလေး ကနေ စပြီးတော့ ရန်ကုန်-နေပြည် တော် ကို စတင် လုပ်ဆောင် သွားမယ်။ ဖုန်းဆင်း မ်ကတ် အနေ အထား အရ ဘယ် လောက်လဲ ဆိုတာ တော့ ကျွန်တော် အတိ အကျ မပြော နိုင် ပေမယ့် ၊ အ ကြမ်း ဖျင်းအား ဖြင့် (၁၅၀၀) ကျပ် နဲ့ စတင် မယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည် တော် မြို့ကြီး သုံးမြို့ မှာ (၁၅၀၀) တန် ဆင်းမ်ကတ် တွေ စတင် ရောင်းချ သွားမယ်။ ကျွန်တော် တို့ တာဝါတိုင် တွေ ဆောက် ရ ဦးမယ်။ အချိန် အတိ အကျ ကတော့ အခု ပြောဖို့ ခက်နေ သေးတယ် ဟု ၎င်း က ပြောသည်။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါ ရီ လတွင် ဆက် သွယ်ရေး၊ သတင်း အချက် အလက် နှင့် နည်း ပညာ ၀န်ကြီး ဌာန အနေ ဖြင့် ဆက်သွယ်ရေး Operator ရွေးချယ်မှု ကို စတင်ခဲ့ပြီး၊ သတင်း စာ၊ ဂျာနယ် နှင့် မြန်မာ သံရုံး များမှ တစ်ဆင့် တစ်ကမ္ဘာ လုံးသို့ ကြေညာ ခဲ့ရာ နိုင်ငံ အသီး သီးမှ လျှောက်လွှာ ပေါင်း (၉၁) စောင် လာရောက် လျှောက် ထား ခဲ့ကြောင်း သိရ သည်။ ယင်းတို့ အနက် Ooredoo နှင့် Telenor တို့ကို ၂၀၁၃ ခုနှစ် ဇူလိုင် (၂၇) ရက် နေ့ တွင် ရွေးချယ် ခဲ့ ပြီး၊ နောက် ၂၀၁၄ ဇန်န၀ါရီ (၃၀) ရက်နေ့တွင် ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင် ခွင့် စာချုပ် ကို Ooredoo နှင့် ချုပ်ဆို နိုင်ခဲ့ ကြောင်း သိရ သည်။ ကျွန်တော် တို့နဲ့ ဒီ ကုမ္ပဏီ နှစ်ခု က ကတိက ၀တ်တွေ ထားပြီး တော့ စာချုပ် ကို ချုပ်ဆို ထား တာပါ။ သူတို့တွေ ထဲက စည်းကမ်း ဖောက် ဖျက်မယ်၊ ပြောတဲ့ ကတိ မတည် ဘူး ဆိုရင် သုံးကြိမ် တိတိ သတိ ပေးပါ့ မယ်။

ဒါမှ သူတို့ဘက်က မပြင်ဘူး။ မလုပ် ဆောင် ဘူး ဆိုရင်တော့ ကျွန်တော် တို့ လိုင်စင် ပြန်သိမ်း တဲ့ အထိ အရေးယူ ဆောင်ရွက် သွားမှာပါ။ သူတို့ လည်း ဒီမှာ အကြီးမား ဆုံးလာ ရောက် ရင်းနှီး မြှုပ်နှံ တာ ဆိုတော့ ဒီ လို မဟုတ်တာ မမှန် တာတွေ လုပ်မှာ မဟုတ်ပါဘူး””ဟု ဆက်သွယ် ရေး၊ သတင်း အချက် အလက် နှင့် နည်း ပညာ ၀န်ကြီး ဌာန မှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်က ပြောသည်။ ဆက်သွယ်ရေး၊ သတင်း အချက် အ လက် နှင့် နည်းပညာ ၀န်ကြီးဌာန နေ အဖြင့် Ooredoo ကုမ္ပဏီ နှင့် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် လက်မှတ် ရေး ထိုး ခွင့်ပြု ခဲ့ ပြီးနောက် Telenor ကုမ္ပဏီအား လာမည့် ဖေဖော်ဝါရီ လဆန်းပိုင်း တွင် ဆက်လက် ခွင့်ပြု သွား မည် ဖြစ်ကြောင်း သိ ရသည်။

Messenger News Journal