Paypal ရဲ့ President သူရဲ့ ခရစ်ဒစ်ကတ် ဟတ်ခံရ

ပို့စ်တင်ချိန် - 2/11/2014 04:00:00 PM




အင်တာနက်ကိုအသုံးပြုကာ နိင်ငံတကာ e-commerce စီးပွားရေးလုပ်ငန်းတွေကို ငွေပေးချေမူပြုနိင်ပြီး ငွေကြေးလွှဲပြောင်းမူတွေ ပြုလုပ်နိင်တဲ့ Paypal
ရဲ့ ဥက္ကဌ သူရဲ့ ခရစ်ဒစ်ကတ် ဟတ်ခံရတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။

PayPal ရဲ့President ဖြစ်သူ David Marcus၏ သတင်းအရ သူ UK မှာရှိစဉ်အတွင်း တစ်စုံတစ်ယောက်ဟာ ခရစ်ဒစ်ကဒ်ကို Clone လုပ်ဖို့ ကရိယာတစ်မျိုးကို
လိမ်လည်တဲ့ ငွေပေးချေမူတွေကိုပြုလုပ်ဖို့ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ တကယ်လို့ ထို့ငွေအကောင့်နဲ့ငွေပေးချေခြင်းကို ကုန်သည်တစ်ယောက်ယောက်က
လက်ခံရရှိခဲ့မယ်ဆိုရင်တော့ အဆိုပါ ပြစ်မူက ဖြစ်ပွားတော့မှာ မဟုတ်ပါဘူး။ အဲဒီလက်ခံရရှိတဲ့ ကုမ္ပဏီဟာ ကတ်ရဲ့ နံပါတ်နဲ့ အသုံးမပြုနိင်အောင် တားဆီးမှာ ဖြစ်ပါတယ်။

ထို့ ဖြစ်ရပ်ဟာ အခြား ခရစ်ဒစ်ကတ်သုံးစွဲသူတွေအတွက် သုံးစွဲသူတွေရဲ့ ပြသနာတွေကို စီးပွားရေးလုပ်ငန်းရှင်အကြီးအကဲတွေဟာ စာနာနိင်အောင်
ပြသလိုက်တဲ့ ပြယုဂ်နမူနာယူစရာ တစ်ခုဆိုလည်းမမှားပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့လို့ အကြီးအကဲတွေတောင် ယခုလို အဖြစ်မျိုးတွေကို ခံစားနေရတာကို ကြည့်ခြင်းအားဖြင့်
သာမန်ပြည်သူတွေဆို ဘယ်လိုစိတ်ချလုံခြုံနိင်ရပါမလဲဆိုတဲ့ အတွေးမျိုးကို ၀င်စေလို့ပါပဲ။

Aung Heine ( www.smart.com.mm )
Smart Pro Journal