Question & Answer

ပို့စ်တင်ချိန် - 2/02/2014 07:53:00 PM


LCCL Level 3 နဲ့ ACCA Part 1 ပြီးထားပြီး Part 2 ကို စင်ကာပူမှာ တက်ရောက်လိုပါတယ်။ ကြာမြင့်ချိန်နှင့် IELTS လို၊ မလို သိလိုပါတယ်။

စင်ကာပူနိုင်ငံ Kaplan Learning Institute နှင့် SAA Global Education တွင် ACCA Part 2 သင်ယူနိုင်ပါတယ်။ ၆ ဘာသာအတွက် တစ်နှစ်ခန့်ကြာမြင့်မှာဖြစ်ပြီး (စာမေးပွဲကြေး မ ပါ) ကျောင်းလခ တစ်ဘာသာကို စင်ကာပူဒေါ်လာ ၇၀၀  မှ ၈၀၀ ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။ ACCA Part 2 နှင့် Research and Analysis Project လုပ်ဆောင်ပြီးပါက Oxford Brookes University မှ ပေးအပ်ချီးမြှင့်သော BSc (Honours) in Applied Accounting ကို ရယူနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ACCA Part  1 တက်ရောက်ဖြေဆိုထားပြီး ဖြစ်သည့်အတွက် စင်ကာပူတွင် တက်ရောက်ရန် IELTS အမှတ် မလိုအပ်ပါ။



Finance ဘာသာရပ်ကို စိတ်ဝင်စားပါတယ်။ ကျောင်းပြီးပါက ပြည်တွင်းပြည်ပမှာ ဘယ်လို နယ်ပယ်မျိုးတွေမှာ လုပ်ကိုင်နိုင်ပါသလဲ။



Finance ဘာသာရပ်တွင် အများပိုင် အဖွဲ့အစည်းများ အပါအဝင် စီးပွားရေးလုပ်ငန်း အမျိုးမျိုးတွင် ရင်းနှီး မြှုပ်နှံခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှ ရရှိသော အကျိုးအမြတ်များကို ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် စီမံဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းများအနေဖြင့် ပြည်တွင်း၊ ပြည်ပတွင် Venture Capitalist, Cost Adviser, Financial Systems Advisor နှင့် Merchant Banker အစရှိသည်တို့ လုပ်ကိုင်နိုင်ပါတယ်။ ၁၀ တန်းအောင်သူများ ဒီပလိုမာ (၈) လသင်ယူပြီး ယူကေတက္ကသိုလ်များမှ ပေးအပ်မည့် BSc (Hons) Accountancy and Financial Management (သို့) B.Sc (Hons) Finance နှင့် သြစတြေးလျတက္ကသိုလ်မှ ပေးအပ်မည့်  B.Com (Finance) ဒီဂရီအား (၁၈) လအတွင်း ရယူနိုင်ပါတယ်။



CROWN Education မှ ကူညီဖြေကြားသည်။
Internet Journal