အပြုံးမျက်နှာပိုင်ဆိုင်သော သားပိုက်ပု Quokka

ပို့စ်တင်ချိန် - 2/13/2014 02:51:00 PM




သားပိုက်ကောင် တို့ ရဲ့  ပင်မ မျိုးစိတ်က Macropod ပါ။ ယင်း Macropod ထဲမှာ ပုံမှာ ပြထားတဲ့ Quokka အမည်ရ အကောင်လေး လည်းပါပါတယ်။ သူတို့လည်း သားသမီးကို ဝမ်းဗိုက်အိတ်ထဲ သယ်သွားတဲ့ အလေ့အထ ရှိပါတယ်။ ဒါကြောင့် သူ့ကို သားပိုက်ပု လို့လည်း နာမည်ပြောင် တစ်ခုနဲ့ ခေါ်ဆိုပါသေးတယ်။သူ့ထူးခြားချက်က အမြဲ ပြုံးနေတတ်ခြင်း ဖြစ် ပါတယ်။

သူရဲ့  ထူးခြားချက်က အိပ်ရင် ပြုံးနေတဲ့ အတိုင်း ဖြစ်နေပါတယ်။ အကြီးဆုံး အရွယ်ကတော့ ၃၅ လက်မ ဝန်းကျင် ကြောင်တစ်ကောင် အရွယ်ပါ။ ၁၁ ပေါင်အထိ လေးပါတယ်။ ပုံမှာ ပြထားတဲ့ အကောင် ကတော့ ပေါက်စလေးဖြစ်ပါတယ်။

နေထိုင်ကျက်စားရာ ဒေသကတေ့ သြစတေးလျနိုင်ငံ အနောက်ပိုင်းက ကျွန်စုငယ်လေး တွေမှာ ဖြစ်ပြီး တစ်ခြား ဘယ်နေရာမှာမှ မရှိပါဘူး။ ကမ္ဘာ့ရှားပါး သတ္တဝါတွေပဲ ဖြစ်ပါတယ်။ အုပ်စုလိုက် မိတ်ဖွဲ့ နေထိုင်တတ်တဲ့ ခပ်ပြုံးပြုံး အကောင်ငယ်လေး များကို happy little marsupial များလို့ ခေါ်ဆိုကြောင်း သိရပါတယ်။
--
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
YoYarLay