Samsung Galaxy Grand 2

ပို့စ်တင်ချိန် - 2/21/2014 11:01:00 AM


Sensor & Chipset
ဖုန်းကိုခိုင်းစေတဲ့ နေရာမှာဖုန်းကနေ အလိုအလျောက်သိရှိ တုံ့ပြန်နိုင်ဖို့အတွက် Sensor စနစ်တွေကို အသုံးပြုတဲ့နေရာမှာတော့ Sensor စနစ် ၃ မျိုးကိုပဲ အသုံးပြုထားတာ တွေ့ရပါတယ်။ Screen ကိုအလိုအလျောက် လှည့်ပေးနိုင်မယ့် Accelerometer Sensor, ဖုန်းပြောချိန်မှာ Screen ကိုပိတ်ထားပေးနိုင်မယ့် Proximity Sensor, Compass အစရှိတဲ့ Sensor စနစ်တွေ ပါဝင်ပါတယ်။ ပထမထွက်ခဲ့တဲ့ Grand မှာတုန်းကတော့ Gyro Sensro စနစ်ပါဝင်ခဲ့တဲ့အတွက် Grand2 က Sensron စနစ်ပိုင်းမှာ အနည်းငယ်လျော့နည်းတာ တွေ့ရမှာပါ။ Chipset အတွက်ကတော့ Chipset အနေနဲ့ သီးသန့် ထည့်သွင်းအသုံးပြု ထားတာမျိုးမတွေ့ရပဲ ပုံမှန် Board မှာပါဝင်တဲ့ Chipset အတိုင်းပဲဖြစ်ပါတယ်။ Chipset သီးသန့်မပါတာကလည်း ပထမထွက်ခဲ့တဲ့ Grand နဲ့ တူပါတယ်။

Network
GSM ကွန်ရက်စနစ်သုံး ဖုန်းဖြစ်ပါတယ်။ Dual Sim စနစ်သုံးဖုန်း အမျိုးအစားဖြစ်တဲ့အတွက် Sim Card နှစ်ကတ်တစ်ပြိုင်နက် အသုံးပြုနိုင်မှာဖြစ်ပြီး နှစ်ကတ်စလုံးအတွက် Stand-by အခြေအနေမျိုးမှာ ထားပြီးအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Micro SIM စနစ်ဖြစ်သွားတဲ့အတွက် ကတ်ကိုတော့ဖြတ်ပြီး အသုံးပြုရမှာပါ။ 2G, 3G ကွန်ရက်စနစ် နှစ်ခုစလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပြီး  4G LTE ကွန်ရက်စနစ် အတွက်လည်း ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။ ပထမထွက်ခဲ့တဲ့ Grand ထက် ပိုပြီးအဆင့်မြင့်လာတာကို မြင်တွေ့ရမှာဖြစ်ပြီး အသုံးပြုထားတဲ့ Hardware စနစ်ပိုင်းတွေမှာပါ ကွာခြားမှု ရှိနေတာကို ခံစားကြရမှာ ဖြစ်ပါတယ်။ အခြားအသုံးပြုစနစ်တွေ အနေနဲ့တော့ မိုဘိုင်းဖုန်း အင်တာနက်စနစ်အတွက် EDGE, GPRS, HSDPA, HSUPA အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဝိုင်ယာလက် အင်တာနက်စနစ် အတွက်လည်း ဝိုင်ဖိုင်စနစ်ကို အသုံးပြုနိုင်ပါတယ်။ WiFi စနစ်အတွက်ကတော့ Wi-Fi 802.11 a/b/g/n, dual-band, DLNA, Wi-Fi Direct, Wi-Fi hotspot  စနစ်ကို အသုံးပြုထားတာ
ဖြစ်ပါတယ်။ Bluetooth စနစ်ကတော့ Bluetooth 4.0 with A2DP, LE, EDR စနစ်ဖြစ်ပြီး USB ကတော့ 2.0 ဖြစ်ပါတယ်။

Camera
ကင်မရာအတွက်တော့ 8 Mega Pixel ရှိတဲ့ကင်မရာကို ထည့်သွင်းတပ်ဆင် ပေးထားတာတွေ့ရပါတယ်။ အသုံးပြုနိုင်မယ့် ကင်မရာစနစ်တွေ အနေနဲ့ကတော့ ပုံရိပ်ကိုအလိုအလျောက် ဖမ်းယူပေးနိုင်မယ့် Auto Focus, ဓာတ်ပုံရဲ့တည်နေရာနဲ့ လက်တီတွဒ် လောင်ဂျီတွဒ်တွေကို တွဲဖက်မှတ်သားနိုင်မယ့် Geotagging, ဓာတ်ပုံရိုက်ခံသူရဲ့ မျက်နှာနဲ့အပြုံးတွေကို တိတိကျကျမှတ်သားနိုင်မယ့် Smile Detection, Touch Focus, LED Flash စနစ်တွေအပြင် ဓာတ်ပုံရဲ့ပုံရိပ်ကို ချိန်ညှိနိုင်မယ့် Image Stabilization, Face Detection အစရှိတဲ့စနစ်တွေ ပါဝင်ပါတယ်။ 1.9 Mega Pilxe ရှိတဲ့ ရှေ့ကင်မရာ ပါဝင်ပါသေးတယ်။ Dual ကင်မရာစနစ်ပါ။

CPU & GPU
CPU ကတော့ Quad-core 1.2 GHz CPU ကိုထည့်သွင်း တပ်ဆင်ပေးထားတာဖြစ်ပြီး ဖုန်းရဲ့ Screen ပုံရိပ်တွေနဲ့ မြင်ကွင်းတွေ၊ ရုပ်ရှင်ပိုင်းဆိုင်ရာနဲ့ ဓာတ်ပုံပိုင်းဆိုင်ရာ ရုပ်ထွက်ပိုင်းတွေအပြင် ဖုန်းထဲမှာရှိနေတဲ့ ဂိမ်းစနစ်တွေ အတွက်တော့ ဂရပ်ဖစ် GPU ကိုထည့်သွင်းပေးထားတာ မတွေ့ရပါဘူး။ CPU ကတော့ ပထမထွက်ခဲ့တဲ့ Grand ထက် Grand 2 ကပိုမိုကောင်းမွန် မြင့်မားပေမယ့် GPU မပါဝင်တာခြင်းကတော့ တူတူပဲဖြစ်ပါ တယ်။

OS
OS ကတော့ Android OS စနစ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ Version ကတော့ 4.3 Jelly Bean  ကိုအသုံးပြုထားတာပါ။ OS နစ်ပိုင်းမှာတော့ ပထမထွက်ခဲ့တဲ့ Grand ထက်ပိုမိုမြင့်မားတာ တွေ့ရပါတယ်။

Multimedia
SNS integration, Active noise cancellation with dedicated mic, MP4, WMV, MP3, WAV, FLAC player, Organizer, Image/video editor, Document viewer, Google Search, Maps, Gmail, YouTube, Calendar, Google Talk, Picasa, Voice memo/dial/commands အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

Screen
Screen စနစ်ပိုင်းမှာတော့ ဒီဖုန်းကအနည်းငယ် လျှော့ချထားမှုတွေရှိပြီး တန်ဖိုးသက်သောင့်သက်သာနဲ့ Performance ကောင်းကောင်း အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတဲ့ဖုန်းပါ။ Screen Size ကတော့ 5.25 လက်မရှိပြီး Screen Resolution အနေနဲ့တော့ 480x800 Pixel ရှိပါတယ်။ ပထမထွက်ခဲ့တဲ့ Grand ထက်အရွယ်အစား အနည်းငယ်ကြီးမားပါတယ်။

Memory
ဖုန်းတွင်းမှတ်ဉာဏ် စနစ်အတွက်တော့ Internal Memory 8GB ပါဝင်ပြီး 1.5GB RAM စနစ်ပါဝင်ပါတယ်။ မှတ်ဉာဏ်ထပ်တိုး နိုင်ဖို့အတွက်လည်း Micro SD Card 64GB ထိထောက်ပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။

Dimension & Weight
ဖုန်းရဲ့ဘေးတိုက် အကျယ်ကတော့ 75.3 mm ရှိပြီး အပေါ်အောက် အရှည်ကတော့ 146.8mm ရှိပါတယ်။ ဖုန်းရဲ့အထူကတော့ 8.9mm ရှိပါတယ်။ ဒါကတော့ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစား အကျယ်အဝန်းပဲ ဖြစ်ပါတယ်။

-ကိုသက်
Internet Journal