Twitter ကသတင်းများကို စိစစ်ပေးသည့် tool ကို ထုတ်ဖော်ပြသ

ပို့စ်တင်ချိန် - 2/05/2014 07:22:00 PM


Twitter နှင့် CNN တို့ပူးပေါင်း လုပ်ကိုင်နေသည့် နယူးယောက်အခြေစိုက် development ကုမ္ပဏီ Dataminr က၎င်းတို့သည် Twitter ပေါ်တွင် tool တစ်ခုကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ခဲ့ပြီး ၎င်းကို ဂျာနယ်လစ်များက သတင်းများရေးသားခြင်းနှင့် သတင်းလိုက်ခြင်းများတွင် ပိုမိုမြန်ဆန်စေရန် အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

Dataminr ကို ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အစိုးရအေဂျင်စီများနှင့် Wall Street ကုမ္ပဏီများသို့ ပြဿနာဖြေရှင်းသည့် နည်းပညာရောင်းချနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ သို့ရာတွင် Dataminr က သတင်းဦး (scoop) များရှာဖွေနေသည့် ဂျာနယ်လစ်များအတွက် သင့်တော်သည့် tool တစ်ခုကိုပြုလုပ်ခဲ့ပြီး တစ်ရက်လျှင် tweet ပေါင်းသန်း ၅၀၀ ကျော်ခန့်ကို ပေးပို့ခဲ့ကြောင်း သိရသည်။

Twitter ပေါ်ရှိ သတင်းအချက်အလက်များကို Dataminr ကပြန်လည်တည်းဖြတ်ပေးကာ ဆက်စပ်ကြားဖြတ် သတင်းများကို alert ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ alert ပြုလုပ်ပေးသည့် သတင်းများကို desktop application, email, pop-up, instant messaging နှင့် text message များသို့ပေးပို့ ပေးနိုင်ကြောင်းသိရှိရသည်။


-စိုးထက်
Ref: USATODAY
Internet Journal